Aleksandra Stepakova နှင့် Grigory Chistyakov တို့ဟာ ရုရှားနိုင်ငံရှိ နောက်ထပ် Epic Fighting Championship ပြိုင်ပွဲတွင် အချင်းချင်းရင်ဆိုင်ရန် လှောင်အိမ်အတွင်းသို့ ဝင်ရောက်လာတဲ့အခါ လူအုပ်ကို အံ့အားသင့်စေခဲ့ပါတယ်။ ကျားမရေးရာ ထင်ရှားတဲ့ပြဿနာရှိရုံသာမက တိုက်ခိုက်ရေးသမားနှစ်ဦးကြားတွင် ကြီးမားတဲ့ အလေးချိန်ကွာခြားမှုလည်း ရှိခဲ့ပါတယ်။ အားကစားတွင် ပရော်ဖက်ရှင်နယ် အတွေ့အကြုံနည်းပါးတဲ့ ဟဲဗီးဝိတ်တန်းစား Chistyakov ဟာ သူ့ရဲ့ စတော်ဘယ်ဝိတ် (၁၀၅ ပေါင်ထက် မပို) ပြိုင်ဘက်အပေါ် အုပ်စိုးမိခဲ့ပါတယ်။

လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာတော့ တိုက်ခိုက်ရေးသမား နှစ်ယောက်စလုံးဟာ နောက်ပြန်မဆုတ်ဘဲ ရင်ဆိုင်နေကြတာကို တွေ့မြင်ရပါတယ်။ သေးငယ်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်ပေမယ့်လည်း Stepakova ဟာ သူမရဲ့ သွက်လက်မှုနှင့် အမြန်နှုန်းကို အားသာချက်အဖြစ် အသုံးချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ လျင်မြန်ရုံသာမက Chistyakov ရဲ့ ခြေထောက်နဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်ချက်များစွာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

Stepakova ဟာ မော်စကိုမြို့ရှိ Opiot Challenge 112 တွင် Daria Bankina နှင့် တတိယအချီ TKO ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ Chistyakov ဟာ ယခင်က ကျားမ အချင်းချင်း ဝိတ်မတူညီမှုတွင် ပျံကျဝိတ် (၁၀၆‌ေပါင်နဲ့ ၁၁၂‌ေပါင်ကြား) Darina Mazdyuk ကို ရင်ဆိုင်ခဲ့ဖူးသည်။ စက္ကန့် 90 အတွင်း သူမက သူ့ကို အနိုင်ယူခဲ့ပါတယ်။ ဒီလိုမျိုး ကျားမ အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲတွေလည်း ရှိပါသေးတယ်။ ယမန်နှစ်ကလည်း လိင်တူချစ်သူ MMA ပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အမျိုးသားပြိုင်ဘက်ရဲ့ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရပြီးနောက် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပါသေးတယ်

သတင်းအရင်းမြစ်: Ladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။