တောင်ကိုရီးယားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Son Ye Jin နှင့် Hyun Bin တို့နှစ်ဦးဟာ မကြာခင်မှာ လက်ထပ်ကြတော့မယ့်အကြောင့်ကို အားလုံးပဲသိရှိပြီးလောက်ပြီပဲဖြစ်ပါတယ်။ လက်ထပ်တော့မယ့် သတင်းထွက်ရှိလာနဲ့တစ်ပြိုင်နက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံက ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။

Google

ဓာတ်ပုံလေးက အခြားတော့မဟုတ်ပါဘူး။ Son Ye Jin ကလေးဘဝတုန်းက သူမရဲ့ ဖခင်နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာဆိုရင် Son Ye Jin ရဲ့ အဖေရဲ့ မျက်နှာက သမတ်ဖြစ်လာမယ့် Hyun Bin ရဲ့ မျက်နှာနဲ့ သွားတူနေတာဖြစ်ပါတယ်။

Google

Soe Ye Jin ရဲ့ ကလေး ဘဝတုန်းက မျက်နှာလေးက ချစ်ဖို့ကောင်းသလို သူမရဲ့ အဖေမျက်နှာလေးကလည်း အရမ်းကို ချောမောလွန်းနေတာပါ။ ချောမောလွန်းတာကြောင့် သမတ်လောင်းနဲ့တောင် ရုပ်ချင်းသွားတူနေတယ်လို့ ပြောနေကြပါတယ်။

Google

ဓာတ်ပုံလေးက တင်ထားတာကြာပေမယ့် အခုမှ ပြန်နာမည်ကြီးလာပြီး အောက်မှာလည်း မှတ်ချက်တွေ အများအပြားရေးထားတာကို အခုလို တွေ့ရပါတယ်။

“Hyun Bin ရဲ့ မျက်နှာနဲ့ Son Ye Jin ရဲ့ မျက်နှာက တော်တော်တူတာနော်” “နှစ်ယောက်လုံးချောတာကတော့ လုံးဝသေချာတယ်” “Son Ye Jin ချောတာက သူ့အဖေနဲ့တူလို့ကိုး ..” “အဖေကလည်းတော်တော်ချောတာနော်” “နှစ်ယောက်လုံးတော်တော်ချောတာပဲ”

Google

တောင်ကိုရီးယား နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့စုံတွဲလေးဟာ မကြာခင်မှာ လက်ထပ်တော့မှာ ဖြစ်တဲ့အကြောင်းကို တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Google

Son Ye Jin က သူမရဲ့ အချစ်ဦးက  Hyun Bin ဖြစ်ပြီး အချစ်ဦးနဲ့ပဲ ရှေ့ဆက်လက်တွဲသွားမယ့်အကြောင်းကို အင်တာဗျူးမှာလည်း ဖြေဆိုပေးခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။