Idaho Potato Commission ဟာ Valentine's Day ကို အကန့်အသတ်နဲ့ ထုတ်လုပ်ထားသော ထုတ်ကုန်ဖြစ်တဲ့ အာလူးရေမွှေးဖြင့် ပြည်နယ်ရဲ့ အမှတ်အသား သီးနှံကို ဂုဏ်ပြုကြောင်း ကြေညာခဲ့ပါတယ်။ IPC မှ Frites by Idaho ရဲ့ ရနံ့ဟာ ပေါင်းခံထားတဲ့ Idaho အာလူးများနှင့် မရှိမဖြစ်လိုအပ်တဲ့ ဆီများမှ ပြုလုပ်ထားပြီး လတ်ဆတ်သော ပြင်သစ်အာလူ‌းကြော် ပန်းကန်ပြားကဲ့သို့ အနံ့ရစေရန် ဒီဇိုင်းထုတ်ထားကြောင်း IPC မှ ပြောကြားခဲ့ပါတယ်။

" စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ထမင်းစားခန်းမှာပဲဖြစ်ဖြစ် အသားမစားခင်မှာ အာလူးကြော်ကို ယူစားဖို့ဆိုတာ မဖြစ်နိုင်စလောက်ပါပဲ။ ဒါပေမယ့် ဒီေရမွှေး အနံလေးကတော့ သင့်ကိုအာလူးကြော် ယူမစားမိစေဖို့ ခံနိုင်ရည်အား ကောင်းလွန်‌ေစပါလိမ့်မယ် " လို့ IPC ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Jamey Higham က ပြောကြားခဲ့ပါတယ်။ သတင်းထုတ်ပြန်ချက်အသစ်တွင် "ဒီရေမွှေးက ပြင်သစ်အာလူး‌ကြော်ကို မငြင်းနိုင်တဲ့သူတိုင်းအတွက် အရမ်းကောင်းတဲ့လက်ဆောင်ပါ။"

IPC ဝဘ်ဆိုဒ်တွင် တန်ကြေး $1.89 ရှိ ရေမွှေးပုလင်းများ လျင်မြန်စွာ ကုန်သွားပြီးဖြစ်ကြောင်း ကော်မရှင်က ပြောကြား‌ေပမယ့်လည်း ဆိုရှယ်မီဒီယာအသုံးပြုသူများဟာ ပုလင်းများကို အခမဲ့အနိုင်ရရန် Instagram ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသေးတယ်။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။