ခွေးများကို စွဲလမ်းနေတဲ့ အမျိုးသမီးတစ်ဦးဟာ သူရဲ့ခွေးတွေအတွက် ဗီရိုတွင် ပေါင် ၁၄,၀၀၀ သုံးစွဲခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အသက်ငါးနှစ်အရွယ် Sammie နှင့် လေးနှစ်အရွယ် Maddie တို့ဟာ အင်္ကျီများ၊ ၀တ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများဖြင့် သူတို့မှာ ကိုယ်ပိုင် ဗီရိုများရှိပါတယ်။ ပိုင်ရှင် Shelia Odden ဟာ အသက် 46 နှစ်ရှိပြီဖြစ်ပြီး သူမရဲ့‌ခှေး‌လေးတှေအတှကျ ၀တ်စုံအ၀တ်အထည် 600 ထက်မနည်းကို ဝယ်ယူထား‌ေပမယ့်လည်း တူညီတဲ့အရာကို နှစ်ကြိမ်ဝတ်ခွင့်မပြုပါဘူး။

အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှ Sheila က "ခွေးတွေဟာ ကျွန်မရဲ့ကလေးလေးတွေပါပဲ။ သူတို့ကုိအမြဲတမ်း အကောင်းဆုံးပုံပေါ်အောင် လုပ်ရတာကို နှစ်သက်ပါတယ်။ သူတို့မှာ ကိုယ်ပိုင် ဗီရိုနဲ့ အိပ်ခန်းတွေ ရှိပေမယ့် ငါနဲ့ အတူအိပ်နေတော့ အဲဒီထဲမှာ တစ်ခါမှ မအိပ်ဖူးပါဘူး။ " လို့ပြောပြခဲ့ပါတယ်။ သူတို့ရဲ့အဝတ်အစားတွေက တစ်ထည်ကို ပေါင် ၇.၄၀ ကနေ ၆၃ ပေါင်အထိ ရှိပါတယ်။

Sammie နှင့် Maddie ရဲ့ဗီရိုများတွင် ရောင်စုံ jumpers များ၊ ၀တ်စုံများ၊ bandana နှင့် bows များရွေးချယ်မှုပါဝင်ပါသေးတယ်။ ဖက်ရှင်ကျကျ နှစ်ယောက်တွဲကို သူစိမ်းတွေ တွေ့တဲ့အခါ အာရုံစူးစိုက်ခြင်းကို ခံရစမြဲပါ။ Sheila ဟာ အဝတ်အစားများကို ဝယ်ရုံသာမက သူတို့ကိုလည်း ပြုလုပ်ပေးပါ‌ေသးတယ်။ Sheila ဟာ သူတို့ကို ခုနစ်ရက်မှ ဆယ်ရက်တစ်ကြိမ် ရေချိုးခြင်းဖြင့် သူတို့ရဲ့ ၀တ်စားဆင်ယင်မှုအပေါ် ဆက်လက်လုပ်ဆောင်ပေးပါတယ်။ ခွေးများဟာ တစ်လလျှင် 88 ပေါင် ကုန်ကျတဲ့ အစားအစာကိုလည်း စားသောက်ကြပါ‌ေသးတယ်။

သတင်းအရင်းမြစ်: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။