ကမ္ဘာကျော်ဖိလစ်ပိုင်စုံတွဲလေးဖြစ်တဲ့ Kathryn Bernardo နဲ့ Daniel Padilla စုံတွဲလေးဟာဆိုရင် မသိတဲ့လူမရှိရလောက်အောင်ကို လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ လိုက်ဖက်မှုရှိပြီးဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းနေတဲ့ Kathryn Bernardo နဲ့ Daniel Padilla စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကလည်း အပြည့်ပါပဲ။

Google
Google

Kathryn Bernardo က မိန်းကလေး ပီပီ ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံလေးတွေ မကြာခဏတင်ရတာ ကြိုက်ပေမယ့် Daniel Padilla ကတော့ မဟုတ်ပါဘူး။ သူက ဆိုရှယ်မီဒီယာသုံးရတာ မကြိုက်ဘူးဆိုတာ အင်တာဗျူးတွေမှာလည်း ဖြေဖူးပါတယ်။ ဒါပေမယ့်လည်း သူ့ကောင်မလေးဓာတ်ပုံတွေ အောက်မှာတော့ Daniel Padilla တစ်ယောက်အမြဲရှိနေပါတယ်။

Photo - Credit 
Photo - Credit 
Photo - Credit 

Daniel Padilla ဟာ သူ သူ့ကောင်မလေးကို ဘယ်လောက်ချစ်သလဲဆိုတာကို ကမ္ဘာကြီးကိုပြောဖို့အတွက် ဘယ်တော့မှ တုံ့ဆိုင်းမနေတတ်တဲ့သူလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းဟာဆိုရင်လည်း အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်အထိ ရှိသွားပြီပဲဖြစ်ပါတယ်။

Photo - Credit 
Photo - Credit 

အချိန်ကာလကြာ လက်မထပ်ဘဲ ချစ်သူရည်းစားဘဝနဲ့ပဲ ရိုပြီးရင်းရိုနေကြတဲ့ သူတို့အတွဲလေး ပျက်သွားမှာ စိုးရိမ်နေကြတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။ ဒါပေမယ့် သူတို့အတွဲလေးက အချစ်ရဲ့ သင်္ကေတ တစ်ခုလိုမျိုး ဖြစ်နေတာကြောင့် ပျက်မယ်လို့တော့ မထင်ပါဘူး။ အရမ်းချစ်ဖို့ကောင်းတဲ့အတွဲလေး အမြန်ဆုံးလက်ထပ်ကြဖို့လည်း မျှော်လင့်နေပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။