T-ara အဖွဲ့ဝင် Jiyeon ဟာ သူမရဲ့ ချစ်သူ ထူးချွန်ဘေ့စ်ဘောကစားသမား Hwang Jae Gyun နဲ့ မကြာခင် လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ကြေညာပေးထားတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ Jiyeon က ဒီအကြောင်းအရာလေးကို သူမရဲ့ ပရိသတ်တွေအတွက် ပြောပြပေးထားတာဖြစ်ပါတယ်။ Jiyeon ပြောတဲ့ အကြောင်းအရာလေးကို အားလုံး သိရှိဖို့အတွက် ဘာသာပြန်ပေးထားပါတယ်။

Instagram

"မင်္ဂလာပါရှင် .. ကျွန်မက Jiyeon ဖြစ်ပါတယ်။

ကျွန်မ ပရိသတ်တွေကို တိုက်ရိုက်ပြောချင်တာလေး ရှိပါတယ်။ ဒါကြောင့် ဒီစာလေးကို အရဲစွန့်ရေးပြီး လက်ရေးနဲ့ရေးလိုက်ရတာဖြစ်ပါတယ်။ ကျွန်မက ဆယ်ကျော်သတ်အရွယ်ကတည်းက ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ အချိန်တွေတဖြည်းဖြည်းကြာလာတာနဲ့အမျှ ကျွန်မရဲ့ အသက်က အသက် ၃၀ ဝန်းကျင်ထဲကိုရောက်နေပါပြီ။ ကျွန်မမှာ အခက်အခဲတွေ ၊ ဖိအားတွေ ၊ မသေချာမှုတွေ ဝန်းရံခဲ့တဲ့အချိန် ငယ်ရွယ်ပြီး အရှုံးပေးချင်ခဲ့တဲ့ အသက် ၂၀ ဝန်းကျင်အရွယ်မှာ အတူရှိနေပေးပြီး အားဖြည့်ပေးတဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ အားလုံးကြောင့်သာ ကျွန်မ ဒီနေ့အထိ ရပ်တည်နေနိုင်တာပါ။ အခြားသူတွေဆီကနေ ကျွန်မသတင်းတွေကို ကြားတာထက် ပရိသတ်တွေကို ကျွန်မကိုယ်တိုင် တိုက်ရိုက်ပြောချင်ပါတယ်။

Instagram

ကျွန်မမှာ ပြီးခဲ့တဲ့ နှစ်တုန်းကစပြီးတွဲခဲ့တဲ့ ချစ်သူကောင်လေး တစ်ယောက်ရှိပါတယ်။ သူကအမြဲတမ်း ကျွန်မကို ဂရုစိုက်ပေးမယ်။ ကျွန်မဘက်က စဉ်းစားပေးတယ်။ ကျွန်မကို ပျော်ရွှင်မှုက ဘာလဲဆိုတာ သင်ကြားပေးတယ်။ သူက ကျွန်မ ဘဝအတွက် လက်ဆောင်တစ်ခုလိုပါပဲ။ ကျွန်မ သူနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ဆုံးဖြတ်ထားပါတယ်။

Instagram
Google

ဒီစာလေးကို ရေးတော့ အားလုံးပဲ အံ့အားသင့်သွားကြမှာကို စိုးရိမ်မိပါတယ်။ အခုတော့ ဒီပျော်ရွှင်စရာကောင်းတဲ့ အကြောင်းအရာလေးကို အားလုံးကို ဝေမျှပေးလိုက်ပါတယ်။ စာလုံးတစ်လုံးချင်းစီကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ရေးခဲ့ရတာပါ။ ပရိသတ်တွေအားလုံးကို ကျွန်မပျော်ရွှင်နေတဲ့ ပုံစံလေးကိုပဲ ပြသွားပေးမှာပါ။ ကျေးဇူးပါ။ ချစ်တယ်နော်။”

ဘေ့စ်ဘောကစားသမား Hwang Jae Gyun ကလည်း သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မယ့်အကြောင့်ကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ ကြေညာပေးထားပါတယ်။ လက်ထပ်မယ့် အချိန်ကိုတော့ နွေရာသီ အလယ်လောက်မှာ ဖြစ်ဖို့များတယ်လို့ တစ်စွန်းတစ်စ ပြောထားပါတယ်။ သူတို့ ချစ်သူနှစ်ဦးစလုံးက လက်ထပ်ဖို့အတွက် ပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့ ပရိသတ်တွေကို ပြိုင်တူ သတင်းပါးပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။