New York, Brooklyn မှ Jon Pichaya Ferry ဟာ သူနေထိုင်မှုပုံစံနှင့် ပတ်သက်ပြီး ပြောဆိုမှုတွေအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အသက် 22 နှစ်အရွယ် ကျောင်းသားဟာ လက်ရှိတွင် ဆေးဘက်ဆိုင်ရာအရိုးစုများ၊ ကျောရိုးများနှင့် ဦးခေါင်းခွံများကို ဝယ်ယူရောင်းချခြင်းဖြင့် ဝင်ငွေရရှိနေပါတယ်။ ထုတ်ကုန်ဒီဇိုင်းကျောင်းသားဟာ လူဦးခေါင်းခွံအမျိုးမျိုးနှင့် ကျောရိုး ၁၀၀ ကျော်ရှိတဲ့ နံရံအပါအဝင် သူ့ရဲ့စုဆောင်းမှုတွင် လူတွေရဲ့ အစိတ်အပိုင်း ၂၀၀ ကျော်ရှိပြီး ဒါတွေအားလုံးကို သူ့ရဲ့တိုက်ခန်းတွင် သိမ်းဆည်းထားပါတယ်။

သူရဲ့ အရောင်းအ၀ယ်သဘောသဘာဝဟာ အနည်းအငယ် ထိတ်လန့်ရပေမယ့်လည်း Jon က သူရဲ့ အရိုးစုများဟာ ပညာရေးအတွက်သာဖြစ်ပြီး ၎င်းသည် "ဆရာဝန်များ နှင့် အရိုးစုဗေဒ ပညာရှင်တို့ လေ့လာရန်အတွက် အသုံးပြုတဲ့ ဆေးဘက်ဆိုင်ရာအရိုးများဖြင့်သာ အလုပ်လုပ်သည်" ဟု Jon က ပြောကြားခဲ့ပါတယ်။ Jon မှရရှိသော အရိုးအများစုဟာ ဆရာဝန်များ သို့မဟုတ် အခြားသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ လက်ဆင့်ကမ်းခဲ့ပြီး “လူများက သူ့အား သိပ္ပံ‌နဲ့ပတ်သက်ပြီး လေ့လာဖို့ သို့မဟုတ် သူ့ရဲ့ မိသားစုထံ တလိုတလား လှူဒါန်းခဲ့ကြတာပါ ” လို့ သိရှိရပါတယ်။

ဒ့ါကြောင့် Jon က သူရဲ့စုဆောင်းမှုတွေထဲက အရိုးအများစုဟာ “သက်ကြီးရွယ်အိုများထံမှ ဆင်းသက်ခြင်းဖြစ်သည်” ဟု ရှင်းပြခဲ့ပါတယ်။ ခန္ဓာဗေဒဆိုင်ရာ ပညာရပ်ကို စိတ်၀င်စားတဲ့ Jon ဟာ ဆရာဝန်တစ်ဦးအဖြစ် အလုပ်လုပ်တဲ့ သူ့အဖေ James Ferry က သူ့အသက် 15 နှစ်တွင် သိပ္ပံပြပွဲတစ်ခုမှ ကြွက်တစ်ကောင်ရဲ့ အရိုးစုအပြင် သူ့ရဲ့ ပထမဆုံးလူသားဦးခေါင်းခွံကိုပါ လက်ဆောင်ပေးခဲ့ပါတယ်။ “သိပ္ပံပရောဂျက်တွေအတွက် လေ့လာချင်တာကြောင့် တိရိစ္ဆာန်အရိုးစုတွေကို စတင်စုဆောင်းခဲ့တယ်၊ မုဆိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်းကလည်း ကျွန်တော်စိတ်ဝင်စားခဲ့တဲ့ ပထမဆုံးရှဉ့်အရိုးစုကို ပေးခဲ့တယ်” လို့ ပြောပြပါတယ်။

ယခုအချိန်အထိ၊ Jon ဟာ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ စုဆောင်းမှုတွင် ဒေါ်လာထောင်ပေါင်းများစွာသုံးစွဲထားပြီး ဒါတွေဟာ မစွန့်ပစ်လိုတဲ့ အရိုးစုများနှင့် မည်သို့လုပ်ဆောင်ရမည်ကို မသေချာသောရောင်းချသူများထံမှ ရင်းမြစ်ရရှိခဲ့ကြောင်း ပြောပြပါသေးတယ်။ သူရဲ့စုဆောင်းမှုဟောင် သိက္ခာမဲ့တယ်လို့ အချို့က ယုံကြည်‌ေပမယ့်လည်း Jon ဟာ သူရဲ့အလုပ်က ခန္ဓာဗေဒပညာကို မြှင့်တင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး သူရဲ့အလုပ်ဟာလည်း လုံးဝတရားဝင်ကြောင်း Jon က ငြင်းခုံပြောဆိုခဲ့ပါတယ်။

သတင်းအရင်းမြစ်: Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။