အိပ်မက် လို့ အမည်ရတဲ့ ကိုရီးယားဇာတ်ကားအသစ်လေးမှာ ပါဝင်ထားတာက ဒိတ်ဒိတ်ကြဲ ၂ ယောက်ဖြစ်တဲ့ ပတ်ဆိုဂျွန်းနဲ့ IU လေးပါ။ ဒီဇာတ်ကားလေးမှာ ပတ်ဆိုဂျွန်းက ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပြီး လုံးဝ မကျွမ်းကျင်တဲ့ ဘောလုံးအသင်းတစ်သင်းရဲ့ နည်းပြအဖြစ်နဲ့ သရုပ်ဆောင်ရမှာပါ။ IU ကတော့ ဒီ ဘောလုံးအသင်းအကြောင်း ရုပ်ရှင်ရိုက်ကူးမယ့် ထုတ်လုပ်သူမမအနေနဲ့ ပါဝင် သရုပ်ဆောင်မှာပါ။

ဒီဇာတ်ကားလေးကို ၂၀၂၁ မှာကတည်းက ရိုက်ကူးနေခဲ့တာပါ။ ကိုရီးယားမှာ ဇာတ်ဝင်ခန်းတချို့ ရိုက်ပြီး ဥရောပက ဟန်ဂေရီ ဒါမှမဟုတ် ကိုလံဘီယာမှာ အပြီးသတ်ရိုက်မယ်လို့ စီစဥ်ခဲ့ကြတာပါ။ ဒါပေမဲ့ ကိုဗစ်အရမ်းဆိုးနေခဲ့တာကြောင့် နိုင်ငံခြားကို မသွားဖြစ်ခဲ့ပါဘူး။ 

ဖေဖော်ဝါရီ ၈ ရက်နေ့ကတော့ ဒါရိုက်တာ လီဗြောင်ဟျွန်းက လာမယ့် မတ်လမှာ ဥရောပကို ခရီးထွက်ပြီး အပြီးသတ် ရိုက်ကူးတော့မယ်လို့ ကြေညာခဲ့ပါတယ်။ အခုဆိုရင်တော့ မကြာခင်မှာ ပတ်ဆိုဂျွန်းနဲ့ IU ရဲ့ ဟာသ အားကစားဇာတ်ကားလေးကို ကြည့်ရတော့မှာပါနော်။

Ref : https://www.allkpop.com/article/2022/02/the-movie-dream-starring-park-seo-joon-and-iu-to-resume-filming-this-march

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။