အိုဟိုင်းယိုးပြည်နယ်မှ ရေဒီယိုမှာ DJ သမားနှစ်ယောက်ဟာ 25 နာရီ 35 မိနစ်ကြာ အင်တာဗျုးတစ်ခုကို လွှင့်တင်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။

John Carroll University ရဲ့ WJCU-FM ရှိ 808s နှင့် Mixtapes ရှိုးရဲ့ အမှုဆောင်ထုတ်လုပ်သူ Zachary Sinutko နှင့် တွဲဖက်ထုတ်လုပ်သူ Collin Kennedy တို့က အချင်းချင်း တိုက်ရိုက်တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါရှိုးကို Instagram နှင့် Twitch တွင် တစ်ပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

DJs များရဲ့ ထုတ်လွှင့်နေရင်း စကားပြောဆိုမှုဟာ 25 နာရီ 35 မိနစ်ကြာမြင့်ခဲ့ပြီး ၎င်းတို့ဟာ ဂင်းနစ်စံချိန်တင်ခဲ့ကာ ရေဒီယိုမှာ အင်တာဗျူးအရှည်ဆုံးဖြစ်ခဲ့ပါတယ်။

ယခင်စံချိန်မှာ နီပေါနိုင်ငံ ခတ္တမန္ဒူရှိ Himal FM အတွက် DJ Bhanu Bhakta Niraula က နီပေါခရီးသွားလုပ်ငန်းကျွမ်းကျင်သူ Ang Phinjo Sherpa နှင့် 2021 ခုနှစ် နိုဝင်ဘာလတွင် 25 နာရီ 26 မိနစ်ကြာ တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။