နက်မှောင်လှပတဲ့ ဆံပင်အရှည်ကြီးနဲ့ မဟာဆန်လွန်းတဲ့ ၀ါရင့်မင်းသမီး လင်းဇော်နည်ဇော်ကို ပရိသတ်တွေ မေ့နေကြပြီလား ။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးမှုရရှိထားတဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပါ။

အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့ လင်းဇာနည်ဇော်ဟာ လက်ရှိမှာ အမဖြစ်သူနဲ့အတူ နေပြီး သူမရဲ့ သမီးလေး မြုလင်းကိုကိုကတော့ သြစီမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။
အနုပညာအလုပ်တွေအရင်ကလောက်မလုပ်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ဟာ အမဖြစ်သူချစ်ချစ်ဇော်နဲ့အတူ ပရိဟိတလုပ်ငန်းတွေအတူလုပ်နေသလို ရွှေတောင်ခေါက်ဆွဲလည်း အော်ဒါလက်ခံနေတယ်လို့ သိရပါတယ်။

လင်းဇာနည်ဇော် ဟာ သူမနဲ့ အစ်မဖြစ်တဲ့ ချစ်ချစ်ဇော် တို့ရဲ့ ပွဲဦးထွက် ရွှေတောင်ခေါက်ဆွဲ အော်ဒါ လက်ခံ ပြင်ဆင်ပေးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ပြန်လည်မျှဝေထားပါတယ်။

လင်းဇာနည်ဇော်ဟာ ပွဲ (၅၀) အထက် အော်ဒါမှာ သူတွေရှိရင် အိမ်အရောက် ပွဲပြင်ပေးတယ်လို့ သူမရဲ့ Facebook တွင် ကြော်ငြာ ထားပါတယ်။
မလင်းကိုချစ်သေးရင် အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ


သတင်းအရင်းမြစ် Linzarnizaw fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။