ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ Jeon So Min က “Running Man” ဝန်ထမ်းတွေဆီက ရရှိခဲ့တဲ့ ကိတ်မုန့်လေးတစ်လုံးကို ဓာတ်ပုံရိုက်ပြီး တင်ထားခဲ့ပါတယ်။ ကိတ်ပေါ်မှာရေးထားတဲ့စာသားက “အချိန်အကြာကြီး Running Man မှာ ရှိနေပေးတဲ့အတွက် ကျေးဇူးပါ” ဆိုတဲ့စာသားကို ဖယောင်းတိုင်ထွန်းပြီးရေးထားတာပါ။

Allkpop

ဒီအကြောင်းကြောင့် Jeon So Min တစ်ယောက် Running Man ကနေထွက်တော့မယ်ဆိုပြီး ကောလာဟလတွေ ထွက်နေတာဖြစ်ပါတယ်။ နောက်ထပ်ကောလာဟလ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ခြေထောက်ကျိုးတဲ့ဒဏ်ရာကို ကုသအပြီးမှာ Running Man ကနေ ထွက်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

Google
Google

ကိတ်မုန့်နဲ့ဓာတ်ပုံကတော့ Jeon So Min တင်ထားတဲ့ နောက်ဆုံးဓာတ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံကိုကြည့်ပြီး ပရိသတ်တွေက Jeon So Min တစ်ယောက် “Running Man” ကနေ ထွက်တော့မယ်ဆိုတဲ့ အကြောင်းကို ခန့်မှန်းထားကြတာဖြစ်ပါတယ်။

Allkpop

ဒါပေမယ့်လည်း “Running Man” ရဲ့ ပရိုဂျူဆာတွေက ကိတ်မုန့်က သူမကိုကျေးဇူးတင်ပြီး အားပေးထောက်ပံ့ပေးနေတဲ့အကြောင်း ဖော်ပြဖို့ အခုလို ကိတ်မုန့်ပို့ပေးတာဖြစ်ကြောင်းလည်း ဆိုပါတယ်။ Jeon So Min က “Running Man” အဖွဲ့ထဲကို ၂၀၁၇ ခုနှစ်ကတည်းက ရောက်ရှိလာတာဖြစ်ပြီး ထူးခြားတဲ့ အပြုအမူတွေကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို ရရှိထားတဲ့သူဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။