၆၇ နှစ်ကြာ ရေမချိုးဘဲ လမ်းပေါ်မှာ‌ေသဆံုးသွားတဲ့ အကောင်တွေကို စားသုံးခြင်းဖြင့် အသက်ရှင်‌ေနလျက်ရှိတဲ့ အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦးကြောင့် သူ့ကို ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုခဲ့တဲ့ သိပ္ပံပညာရှင်များကို ပဟေဠိဆန်ခဲ့ပါတယ်။ Amou Jaji က သူ့အား ကံဆိုးစေပြီး အသတ်ခံရမည်ကို ယုံကြည်တာကြောင့် ဆယ်စုနှစ်များစွာ ရေမချိုးခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ အသက်ကြီးလှပြီးဖြစ်တဲ့ သူရဲ့ အစားအသောက်များတွင် အဓိကအားဖြင့် ဖြူကောင်ကဲ့သို့သော သတ္တဝါများအပါအဝင် အခြားသော ကားတိုက်သေတဲ့ အကောင်များလည်း ပါဝင်ပြီး လမ်းဘေးရှိ ရွှံ့အိုင်များမှ ရေကို တိုက်ရိုက်သောက်သုံးကြောင်း ပြောပါတယ်။

သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ နေထိုင်မှုပုံစံ ရွေးချယ်မှုတွေကြောင့် သူငယ်ချင်းတွေနဲ့ ရည်းစားရှာဖို့ ခက်ခဲစေတယ်လို့ Daily Star က ဆိုပါတယ်။ သူ့ရဲ့အနှစ်သက်ဆုံးအချိန်တွေထဲက တစ်ခုကတော့ "တိရစ္ဆာန်အညစ်အကြေးတွေနဲ့ ပြည့်နေတဲ့ ပိုက်ကို ဆေးလိပ်သောက်ခြင်း" ဖြစ်ပြီး အဲ့တာက သူ့ကို ပိုအထီးကျန်ဆန်စေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ လုံးဝကျန်းမာတယ်လို့ ပြောကြတဲ့ သုတေသီတွေကို သဘောကျ အထင်ကြီးခဲ့ပါတယ်။ အီရန်ရှိ ရွာသူရွာသားများဟာ သူ့ရဲ့ သမားရိုးကျမဟုတ်တဲ့ နေထိုင်မှုပုံစံအပေါ် စေတနာထားမှုဖြင့် အလွန်အမင်း သဘောကျခဲ့ကြပြီး သူ့ရဲ့နေထိုင်မှုပုံစံကို အစားထိုးရန်အတွက် တဲငယ်တစ်လုံးကို တည်ဆောက်ခဲ့ကြပါတယ်။

အီရန်နိုင်ငံ၊ Dejgah ရွာရှိ တဲအိမ်သို့ အလည်အပတ်လာရောက်တဲ့ ဆေးမှူးများဟာ စမ်းသပ်မှုများစွာပြုလုပ်ပြီး သူ့ရဲ့နေထိုင်မှုပုံစံမှာပင် Jaji ဟာ အံ့အားသင့်ဖွယ်ကျန်းမာပြီး ပြင်းထန်တဲ့ရောဂါများ သို့မဟုတ် ဘက်တီးရီးယားပိုးများမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်သူများဟာ ကပ်ပါးကောင်များအပါအဝင် သက်ရှိပုံစံအမျိုးမျိုးကို ရှာဖွေတွေ့ရှိရန် စိတ်ဝင်တစားရှိခဲ့‌ေပမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်တွင် မည်သည့်ရောဂါ သို့မဟုတ် ကပ်ပါးပိုးမျှမရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ Gholamreza Molavi ဟာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး Jaji ဟာ အလွန်ပြင်းထန်တဲ့ ခုခံအားစနစ် ဖွံ့ဖြိုးလာမှုကြောင့် ကျန်းမာစွာ ရှင်သန်နေခဲ့သည်ဟု အံ့ဩသင့်စွာပဲ မှတ်ချက်ချခဲ့ပါတယ်။ လမ်း‌ေပါ်က အသေကောင်တွေကို အစိမ်းလိုက်စား‌ေသာက်ရတာ နှစ်သက်ပြီး သူသောက်တဲ့ရေကို ပိုးသတ်ရန် ငြင်းဆန်တက်တဲ့ Jaji ဟာ မည်သည့်ရောဂါကိုမျှ မခံစားခဲ့ရတဲ့ အတွက် သိပ္ပံပညာရှင်များကို အံ့အားသင့်စေခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။