1970 ခုနှစ်များတွင် Bharati ဟာ အိန္ဒိယဘဏ်တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ဇနီးနှင့် ကလေး သုံးဦးနှင့်အတူ ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့ပါတယ်။ တစ်နေ့တွင် သူဟာ သူ့ရဲ့ ဘာသာရေးဆိုင်ရာ ခေါ်ဆိုမှုကို လိုက်နာရန်အတွက် သူ့ရဲ့ မိသားစု၊ အလုပ်နှင့် သူငယ်ချင်းများကို စွန့်ခွာရန် အချိန်ရောက်လာခဲ့ပါတယ်။ Bharati ဟာ သူရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ဟိန္ဒူဘာသာမှ နတ်ဘုရား Shiva အား အပ်နှံရန် ဆုံးဖြတ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ဘုန်းကြီးအနေနဲ့ ခွင့်မပြုတဲ့အရာတွေကို လုပ်ဖို့ သွေးဆောင်မှုကို ခံစား‌ေနရတုန်းပါပဲ၊ ဒါကြောင့် သူ့ရဲ့ ဘာသာရေးယုံကြည်ချက်တွေကို အမှန်တကယ် ခိုင်မာအောင်လုပ်ဖို့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ အရာတစ်ခုကို လုပ်ဖို့လိုအပ်ခဲ့ပါတယ်။

ထို့ကြောင့် 1973 ခုနှစ်တွင် သူဟာ Shiva အပေါ် သူရဲ့ယုံကြည်မှုနှင့် လေးမြတ်မှုကို ပြသရန်အတွက် သူ့လက်ကို တစ်သက်လုံး ဆုပ်ကိုင်ထားပြီး မြောက်ထားရန် ရွေးချယ်ခဲ့ပါတယ်။ Amar Bharati ဟာ မကြာမီတွင် ကမ္ဘာတစ်ဝှမ်းမှာ အတော်လေး ရေပန်းစားလာခဲ့ပြီး ထောင်ပေါင်းများစွာသော လူတွေဟာ ဒီအမူအရာကြောင့် သူ့ကိုစိတ်၀င်စားလာခဲ့ကြပါတယ်။ ဘာကြောင့် လက်ကို ခုလိုကိုင်‌ေမြာက်ထားရသလဲလို့ မေးတဲ့အခါတိုင်း ဒီအမူအရာဟာ စစ်ပွဲများကို တွန်းလှန်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ပံ့ပိုးပေးတဲ့ အပြင် ရှီဝကို လေးစားကြောင်း ပြသတဲ့ နည်းလမ်းဖြစ်ကြောင်းဆိုပြီး အမြဲတမ်း တုံ့ပြန် ဖြေဆိုလေ့ရှိပါတယ်။

အခမ်းအနားတစ်ခုတွင် အိန္ဒိယမီဒီယာများရဲ့ ရှားရှားပါးပါးအင်တာဗျူးတစ်ခုတွင် Bharati က " အများကြီးမတောင်းဆိုပါဘူး။ ငါတို့ကြားမှာ ဘာလို့ တိုက်ခိုက်‌ေနကြတာလဲ၊ ငါတို့ကြားမှာ အမုန်းနဲ့ ရန်ငြိုးတွေ ဘာလို့များနေတာလဲ။ အိန္ဒိယလူမျိုးအားလုံးကို ငြိမ်းချမ်းစွာ နေထိုင်စေချင်ပါတယ်။ တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းစေချင်တယ်။ " လို့ပြောခဲ့ဖူးပါတယ်။ ဒီအမူအရာကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်မှုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ ထောင်နှင့်ချီသောလူများကို သူတို့ရဲ့နည်းလမ်းဖြင့် ငြိမ်းချမ်းရေး တိုက်ပွဲဝင်ရန် လှုံ့ဆော်ပေးခဲ့ပါတယ်။ ပို၍စိတ်ဝင်စားစရာကောင်းသည်မှာ ဒီအမူအရာဟာ အခြား အိန္ဒိယလူမျိုးများကို Sadhu (ဟိန္ဒူရဟန်းများ) ဖြစ်လာစေရန်နှင့် အချိန်အကြာကြီး လက်ကို‌ေမြာက်ကိုင်ထားရန် လှုံ့ဆော်ပေးခဲ့‌ေပမယ့်လည်း Bharati ရဲ့မှတ်တမ်းကို‌ေတာ့ မည်သူမျှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ဒီလူက သူ့လက်ကို မြင့်မြင့်ကိုင်ထားဆဲဖြစ်ပြီး မကြာခင် ချလိုက်ဖို့လည်း မစီစဉ်ထားပါဘူး။ သူ့လက်ကို မှောက်ချလိုက်ရင်တောင် သူ့ကြွက်သားတွေ ပြင်းထန်စွာ နွမ်းနယ်နေပြီး လက်လျှော့လိုက်တာက လက်မောင်းက အာရုံကြောတွေ အမြဲတမ်း ထိခိုက်နိုင်တာကြောင့် လက်ကို တစ်သက်လုံး ဆုပ်ထားရုံတင်မကဘဲ၊ ကျန်းမာရေး အကြောင်းပြချက်ကြောင့်သာမက ဝိညာဉ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့်လည်း ဖြစ်ပါတယ်။ ပထမတော့ သူ့လက်ထဲက နာကျင်မှုက ကြောက်မက်ဖွယ်ကောင်းပေမယ့် နာကျင်မှုက သူ့ရဲ့ အပ်နှံမှုထက် ဘယ်တော့မှ မပိုပါဘူး။ ပထမနှစ်နှစ်အကြာတွင် သူဟာ သူ့လက်ထဲတွင် အာရုံတစ်ခုခု ဆုံးရှုံးသွားကာ နာကျင်မှုလည်း ပျောက်ကွယ်သွားပါ‌ေတာ့တယ်။ Bharati ဟာ လွန်ခဲ့တဲ့ 45 နှစ်လုံး လက်ကိုမြောက်ကိုင်ထားခဲ့တာပါ။ သာမန်လူတွေကတော့ လက်ကို မြောက်ကိုင်ထားပြီး 2 မိနစ် သို့မဟုတ် 3 မိနစ်အကြာတွင် နာကျင်မှုကို အများဆုံးခံစားရပါလိ့မ်မယ်။

သတင်းအရင်းမြစ်: History of Yesterday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။