ကမ္ဘာကျော်အိန္ဒိယနိုက်တင်ဂေးလ်းလို့ လူသိများတဲ့ အဆိုတော်ကြီး လာတာမန်ဂေ့ရှ်ကာရ် ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ကမ္ဘာကျော်အဆိုတော်ကြီးရဲ့ ဈာပနာ အခမ်းအနားကို ကွယ်လွန်ပြီးပြီးချင်းမှာပဲ နေ့ချင်း ကျင်းပခဲ့ပြီး အခန်းအနားပွဲကို ရှရွတ်ခမ်း အပါအဝင် ဘောလိဝုဒ် နာမည်ကြီး ပုဂ္ဂိုလ် အများစုလည်း တတ်ရောက်လာခဲ့ပါတယ်။

Photo- Credit
Photo- Credit

အိန္ဒိယနိုက်တင်ဂေးလ် လာတာမန်ဂေ့ရှ်ကာရ် ကွယ်လွန်သွားချိန်မှာ အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်ပြီပဲဖြစ်ပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် အိန္ဒိယနိုင်ငံသားတွေအားလုံး အတိုင်းမသိ ပူဆွေးဝမ်းနည်းနေကြပါတယ်။ ဈာပနာအခန်းအနားကို အိန္ဒိယလူမျိုးတွေရဲ့ ရိုးရာအတိုင်း နေ့ချင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Photo- Credit
Photo- Credit

လာတာမန်ဂေ့ရှ်ကာရ်ရဲ့ ရုပ်အလောင်း သယ်ဆောင်ရာမှာလည်း ပြည်သူလူလုထုတွေအားလုံးက အတိုင်းမသိ ပူဆွေးသောကရောက်ခဲ့ကြပါတယ်။ လာတာမန်ဂေ့ရှ်ကာရ် ဟာ အိန္ဒိယနိုင်ငံရဲ့ ခေတ်ဟောင်းတေးသီချင်းအဆိုတော်ကြီးဖြစ်ပြီး အန္ဒိယနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး အဆိုတော်ကြီးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့သူဖြစ်ပါတယ်။

Photo- Credit

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက လာတာမန်ဂေ့ရှ်ကာရ်ရဲ့ တေးသီချင်းတွေဟာ ရုပ်ရှင်၊ တီဗီ၊ ပြဇာတ်နဲ့ လေလှိုင်းတွေမှာ အချိန်အတော်အတန်ကြာ လွင့်ပျံ့ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ အနုပညာနှင့်ယဉ်ကျေးမှုအတွက် တန်ဖိုးကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တာကြောင့် လာတာမန်ဂေ့ရှ်ကာရ် ရဲ့ သီချင်းတွေကို သူမရဲ့ ဇာတိမွမ်ဘိုင်းမြို့ လမ်းဆုံလမ်းခွတွေမှာ ၁၅ ရက်တိတိလွှင့်ဖို့အတွက် နှိုးဆော်ထားတယ်လို့ သိရပါတယ်။

Photo- Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။