တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး Yoo In Na နှင့် IU တို့ဟာ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ JTBC ရဲ့ 7.7 Billion Love အစီအစဉ်ရဲ့ အပိုင်းတစ်ခုမှာ Yoo In NA က သူမအခုအချိန်အထိ လက်မထပ်နိုင်သေးတာ IU ကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

Google

အချစ်ရေးနဲ့ပတ်သတ်တဲ့ စကားဝိုင်းမှာလည်း Yoo In Na က သူမကို အမှန်တကယ်ချစ်မယ့် လူကောင်းနဲ့တွေ့ရင် လိုလိုလားလား လက်ထပ်ချင်ကြောင်း ဝန်ခံပြောကြားထားပါတယ်။

Koreaboo

မကြာသေးမီက လက်ထပ်ခဲ့ကြတဲ့ သရုပ်ဆောင်စုံတွဲတွေလိုမျိုး Yoo Inn Na ကို လက်မထပ်ချင်ဘူးလား မေးတဲ့အခါမှာလည်း Yoo In Na က လက်ထပ်ချင်တဲ့အကြောင်း ဒါပေမယ့် လက်ထပ်ပွဲကို သေးသေးလေးပဲ ပြုလုပ်ချင်တဲ့အကြောင်း အခုလို ပြောခဲ့ပါတယ်။

Koreaboo

မင်္ဂလာပွဲမလုပ်ချင်ဘူး လို့ရယ်တော့မဟုတ်ပါဘူး။ မင်္ဂလာပွဲသေးသေးလေးကိုအရင်းနှီးဆုံး သူငယ်ချင်းတွေကိုပဲ ဖိတ်သွားချင်တာပါ။ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ မင်္ဂလာပွဲမှာ ကကြမယ် ပျော်မယ် ပါးမယ် ။ အဲ့လိုလေးလုပ်ချင်ပါတယ်။

— Yoo In Na

Koreaboo

Yoo In Na ပြောတဲ့အထဲမှာ လူတိုင်း အံ့သြသွားစေတဲ့ စကားပါပါတယ်။ အဲဒါကတော့ အခြားမဟုတ်ပါဘူး။ သူမ အခုအချိန်ထိ လက်မထပ်နိုင်တာက IU ကြောင့်လို ဆိုလိုက်တဲ့စကားဖြစ်ပါတယ်။

Koreaboo

သူမ IU ကို မင်္ဂလာဆောင်မယ့်ကိစ္စ ပြောတဲ့အချိန်တိုင်း IU က သူ့စိတ်ကို ပြောင်းအောင်လုပ်ပြီး မသေချာမရေရာအောင် လုပ်သွားတယ်လို့ Yoo In Na ကဆိုပါတယ်။

Soompi

IU က ငါတို့ လက်မထပ်ကြရအောင်လို့ပြောရင် ကျွန်မကလည်း သူပြောတဲ့အတိုင်းလက်ခံပြီး ဟုတ်တယ် လက်မထပ်သင့်ဘူးလို့ပြန်ပြောတယ်။ ဒါပေမယ့်လေ အချိန်ကြာလာတော့ သူက ပြန်ပြောပြန်ရော .. ငါတို့ လက်ထပ်သင့်တယ်နော်ဆိုပြီ .. အဲဒါဆိုလည်း ကျွန်မက အေးလက်ထပ်သင့်တယ်ဆိုပြီး ပြန်ပြောမိပြန်ရော ..

— Yoo In Na

Koreaboo

ချစ်စရာသူငယ်ချင်း IU လေးရဲ့ အပြောင်းအလဲလွယ်တဲ့ ဆုံးဖြတ်ချက်ကြောင့် Yoo In Na တစ်ယောက် အခုထိ လက်မထပ်ဖြစ်သေးတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်မလေးနှစ်ယောက်ရဲ့ အခွီပုံစံလေးကို သဘောကျနေပြီး အသည်းတွေ ယားနေကြပါတယ်။

Soompi

နာမည်ကြီး အနုပညာရှင်နှစ်ယောက်က အိမ်ထောင်ရေးကိစ္စအထိ အခုလို တိုင်ပင်ကြတဲ့အထိ ပွင့်လင်းကြတဲ့အတွက်လည်း သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း သံယောဇဉ်ကို ပရိသတ်တွေက အားကျနေကြပါတယ်။ အချောလေး မမ နှစ်ယောက်နော်။ တကယ်ချစ်ဖို့ကောင်းတာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။