မြို့ငယ်လေးနဲ့ မနီးမဝေးနေရာမှာ စွန့်ပစ်ထားတဲ့ အိမ်အိုကြီးတစ်လုံးရှိပါတယ်။ သရဲခြောက်တယ်လို့ လူတိုင်းကပြောကြတဲ့အတွက် အဲဒီအနီးကို ဘယ်သူမှ မသွားဖူးပါဘူး။ တစ်နေ့တွင် ဒေသခံလူအုပ်ကြီးဟာ ကော်ဖီဆိုင်တွင် ထိုင်ကာ ရဲရင့်မှုအကြောင်း စကားစမြည်ပြောကြပါတယ်။ အဲ့အချိန်မှာ လူတစ်ယောက်ဟာ ကျယ်လောင်စွာ "ဘာမှမကြောက်ဘူးကွ!" ဆိုပြီး ကြွားလုံးထုတ်လိုက်ပါတယ်။

"အ‌ံ့မယ် ဟုတ်လား?" လို့ သူငယ်ချင်းတစ်ယောက်က သူ့ကို မေးလိုက်ပါတယ်။ "အဲ့တာဆို ဒီစွန့်ပစ်ထားတဲ့ အိမ်အိုကြီးမှာ မင်းတစ်ယောက်တည်း တစ်ညလောက်နေဖို့ သတ္တိမရှိဘူးလို့ လောင်းကြေးထပ်လိုက်မယ်ကွာ!" လို့ဆက်ပြောလိုက်တာ‌ေကြာင့် ကြွားတဲ့သူကလည်း သူကြောက်တာကို ဝန်မခံချင်တာကြောင့် အဲဒီညမှာပဲ အိမ်ထဲမှာ အိပ်ဖို့ သဘောတူလိုက်ပါတယ်။

နေဝင်ရီတရောမှာ သူတစ်ယောက်တည်း အိမ်ထဲကို ရောက်သွားပါတယ်။ အခန်းတိုင်းကို စစ်ဆေးကြည့်တော့ ထူးထူးခြားခြား ဘာမှမတွေ့ပါဘူး။ အဲ့တာနဲ့ အပေါ်ထပ်အိပ်ခန်းကို ရွေးကာ ကြမ်းပြင်ပေါ်တွင် အိပ်ရန်ကြိုးစားလိုက်ပါတယ်။ သူမှိန်းနေတဲ့အချိန်မှာ အောက်ထပ်ကနေ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတဲ့အခါ အဲ့ဒါ ဘာလဲဆိုတာ သူသိချင်သွားပါတယ်။ နားထောင်ကြည့်တော့ တစ်ယောက်ယောက်ရဲ့ ထိုင်ညည်းနေတ‌ဲ့ အသံကြီးဖြစ်ကာ အသံကတော့

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု အိမ်ရှေ့ခန်းမှာ ရောက်နေပြီ!"

အဲဒီလူက သူ့ကိုယ်သူ စိတ်ကူးယဉ်နေတာပဲလို့ ပြောခဲ့ကာ လေတိုက်တာဖြစ်မယ် လို့ သူတွေးလိုက်ပါတယ်။ ဒါပေမယ့် ခုတစ်ခါ သူကြားလိုက်ရတာက နည်းနည်းပိုကျယ်လာပါတယ်။

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု လှေကားအောက်ခြေမှာ ရောက်နေပြီ!”

"ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေက ထူးဆန်းလှကြီးလာဟ!" ဆိုပြီး သူ့ကိုယ်သူ တွေးနေပါတယ်။ "ငါ အိပ်တော့မယ်ကွာ၊ မကြာခင်လည်း မနက်ရောက်တော့မယ်" ဒါပေမယ့် သူကြားရတဲ့အသံဟာ ပိုလို့တောင် ကျယ်လောင်လာပါတယ်။

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု လှေကားထစ်ထိပ်မှာ ရောက်နေပြီ!”

သူလည်း ကြောက်လန့်ပြီး သူ့ရဲ့ Sleeping Bag ထဲအတင်းတိုး၀င် အိပ်နေကာ သူ့အနားကို တစ္ဆေဟာ တဖြည်းဖြည်း နီးလာတာကိုတော့ သိနေခဲ့ပါတယ်။

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု အပေါ်ထပ် ခန်းမကို ရောက်နေပြီ!”

သူဟာ ခေါင်းအုံးအောက်မှာ ခေါင်းကို ဝှက်ထားပေမယ့်လည်း တစ္ဆေဟာ ပိုလို့တောင် နီးကပ်လာတာကို ကြားလိုက်ရပါတယ်။

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု အိပ်ခန်းတံခါးမှာ ရောက်နေပြီ!”

သူလည်း ကြောက်စိတ်တွေနဲ့ ထိတ်လန့်တုန်လှုပ်နေခဲ့ပါတယ်။ အဲ့ချိန်မှာ တံခါးဟာ ဖြေးညှင်းစွာ ပွင့်လာပါတယ်။ "ကျွီး........"

“ငါက သွေးစွန်းနေတဲ့ လက်ချောင်းရဲ့ တစ္ဆေပါ! ငါခု အိပ်ခန်းထဲမှာရောက်နေပြီ!"

အဲ့နောက် တစ္ဆေဟာ တံခါးဝမှာ ရပ်နေပါတယ်။

"ငါက သွေးစွန်းနေတဲ့ လက်ချောင်းတွေရဲ့ တစ္ဆေပဲ!" (ခေတ္တရပ်‌သွားပြီး) "မင်းမှာ ပက်တီးလေးဘာလေးရှိလား။" လို့ မေးချလိုက်ပါတော့တယ်။

သတင်းအရင်းမြစ်: The Camping Family

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။