တောင်ကိုရီးယားမင်းသမီး Park So-dam ဟာဆိုရင် ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်နေစဉ်ကာလမှာပဲ နောက်ထပ်သတင်းဆိုးတစ်ခုနဲ့ ထပ်မံကြုံတွေ့ခဲ့ရတယ်လို့ သူမရဲ့ အေဂျင်စီဘက်ကနေ ကြေညာလိုက်ပါတယ်။

Kbizoom

အေဂျင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ Park So-dam က သိုင်းရွိုက်ကင်ဆာကို အရှင်းပျောက်ကင်းအောင်ကုသနေရင်း ကိုဗစ် - ၁၉ ကူးစက်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ သူမဟာ လက်ရှိမှာ သီးခြားနေထိုင်နေပြီဖြစ်ပြီး ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဘာပြဿနာမှ မရှိသေးဘူးလို့ ရေးသားထားပါတယ်။

kbizoom

Park So-dam ဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ သိုင်းရွိုက်ကင်ဆာကို ကုသနေခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ကင်ဆာရောဂါကို အရှင်းပျောက်ကင်းအောင်း ပြန်လည်သက်သာဖို့ အာရုံစိုက်နေခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း ဆေးရုံကိုအသွားမှာ PCR စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခဲ့ရတာဖြစ်ပါတယ်။

kbizoom

ကင်ဆာနဲ့ကိုဗစ် နှစ်ခုပေါင်းဖြစ်သွားရတဲ့ မင်းသမီးလေးကို ပရိသတ်တွေတော်တော်များများကလည်း စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အရွယ်နဲ့မလိုက်အောင် ရောဂါဝေဒနာခံစားနေရတဲ့ Park So-dam လေး အမြန်ဆုံးနေပြန်ကောင်းလာစေဖို့ အတွက် ဆုတောင်းပေးနေကြပါတယ်။

kbizoom

Park So-dam ဟာ မကြာသေးမီက ထွက်ရှိထားတဲံ “Special Cargo” ဆိုတဲ့ဇာတ်လမ်းမှာလည်း သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။