ဂျာမန်ဓာတ်ပုံဆရာတစ်ဦးဟာ "အရုပ်များရဲ့သစ်တော" လို့အမည်ပေးထားတဲ့ တောထဲကိုသွားရောက် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ထိုသစ်တောထဲမှာဆိုရင်တော့ သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားတဲ့ စိတ်အနှောက်အယှက်ဖြစ်စေမယ့် အရုပ်ကလေးများကိုတွေ့ရှိခဲ့ပါတယ်။ တစ်ချို့အရုပ်‌ေတွက ငိုကြတယ်၊ တချို့က ပြုံးနေတယ်၊ ​​ဒါပေမယ့် အားလုံးက ထပ်တူထပ်မျှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

Mellie's Welt der Fotografie Facebook စာမျက်နှာနောက်ကွယ်မှ ဝါသနာရှင်က ၎င်းတို့ဟာ လွန်ခဲ့သည့်ငါးနှစ်ခန့်က အဆိုပါဆိုက်ကို မူလက တွေ့ရှိခဲ့ကြောင်း ဆို‌ေပမယ့်လည်း ပြန်လည်သွားရောက်ခြင်းမရှိသလို ဘယ်အရာကိုမှလည်း မထိရသေးကြောင်း ပြောပြခဲ့ပါတယ်။ သစ်ပင်များနှင့် ချိတ်ဆွဲထားတဲ့ အရုပ်များကို ပြသထားတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်စေမယ့် ပုံသတိပေးချက်ဖြင့် ဓာတ်ပုံများကို အွန်လိုင်းပေါ်တွင် တင်ထားခဲ့ပါတယ်။ ပုံတွေထဲမှာ ရွံဖြင့် ပွတ်တိုက်ထားတာတွေ လည်ပင်းကို ကြိုးနဲ့တွဲလောင်ဆွဲထားတာတွေ ပါ၀င်ပါတယ်။

အခြားအရုပ်များကို အော်ဟစ်ခြင်း၊ ခေါင်းဖြတ်ခြင်း သို့မဟုတ် ကြောက်စရာကောင်းတဲ့ လူရွှင်တော်များကဲ့သို့ ခြယ်မှုန်းထားပါတယ်။ ခြောက်ခြားစရာကောင်းတဲ့ ဒီနေရာဟာ မြို့ပြစူးစမ်းရှာဖွေသူများကြားတွင် ရေပန်းစားနေနိုင်‌ေပမယ့်လည်း အခြားသူများမှာ ထိုနေရာကို ညဘက်သွားလည်ရန် အလွန်ကြောက်ရွံ့နေကြပါတယ်။ တစ်ယောက်က "ရိုက်ချက်ကောင်းပါတယ်။ ညဘက်သွားရမှာတော့ ကြောက်တယ်" အခြားတစ်ဦးကလည်း "တစ်ချိန်တည်းမှာ ကြောက်စရာကောင်းပြီး လှပတဲ့လေထုကြီးပါပဲ။" တတိယတစ်ယောက်ကတော့ "အရမ်းကို ဥာဏ်ကောင်းတဲ့ ရိုက်ချက်တွေပါ။ ငါသာဆိုရင်တော့ အလင်းရှိတဲ့အချိန်ပဲသွားပြီး....... တစ်ယောက်တည်းတော့မသွားနိုင်ဘူး" ဆိုပြီး ရေးသားခဲ့ကြပါတယ်။

သတင်းအရင်းမြစ်: Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။