နဖူးအလယ်တွင် မျက်လုံးတစ်လုံးတည်းပါရှိတဲ့ မျိုးပြောင်းဆိတ်တစ်ကောင်ကို တူရကီမွေးမြူရေးခြံတစ်ခုတွင် တွေ့ရှိခဲ့ကြပါတယ်။ အသက် ၄၀ အရွယ် Ahmet Kartal က Kilis ပြည်နယ် Gokmusa ရွာမှာ တိရိစ္ဆာန်တွေ မွေးမြူလာတာ ၂၅ နှစ်ရှိပြီဖြစ်ပြီး မျက်လုံးတစ်လံုးတည်းနဲ့ ဆိတ်လိုမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။

မွေးမြူရေးသမားတစ်ဦးဖြစ်တဲ့ Kartal က သူ့ရဲ့တိရိစ္ဆာန်တွေကို စစ်ဆေးကြည့်ရာမှာ ဒီဆိတ်ကလေးမွေးလာတာကို သတိပြုမိကြောင်း ရှင်းပြခဲ့ပါတယ်။ မွေးကင်းစ တိရစ္ဆာန်ကို အနီးကပ်စစ်ဆေးကြည့်တော့ တိရစ္ဆာန်တွေရဲ့ မျက်လုံးတွေဟာ ဂရိဒဏ္ဍာရီထဲက ကြောက်စရာကောင်းတဲ့ မျက်လုံးတစ်လုံးတည်းပါတဲ့ တိရစ္ဆာန်တွေလို နဖူးအလယ်မှာ ပါလာတာကို မွေးမြူရေးသမားက မြင်လိုက်ရပါတယ်။

Kartal က “ကျီမှာ ဒီကလေးကို စစ်ဆေးကြည့်တဲ့အခါ တုန်လှုပ်ခြောက်ခြားသွားတယ်။ အသံမထွက်ပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ ဆိတ်ကလေးက ကျွန်တော့်ကို ကြည့်နေသလို ခံစားရတယ်။ ကျွန်တော် ဒီအလုပ်ကို လုပ်လာတာ 25 နှစ်ရှိပြီ။ ဒီလိုမျိုး ကြုံဖူးတာ ဒါပထမဆုံးပဲ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ မကြားဖူးဘူး။ တွေ့တဲ့သူတွေလည်း အံ့ဩနေကြတယ်။ ကျွန်တော် ဒါကို မဖြေရှင်းနိုင်ဘူး၊ အာဏာပိုင်တွေကို သိမ်းပြီး အသက်ဆက်ရှင်စေချင်တယ်။” ဆိုပြီးပြောခဲ့ပါတယ်။ Hatay Mustafa Kemal University တိရစ္ဆာန်ဆေးပညာဌာနမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာ Ahmet Uyar က ဆိတ်ရဲ့ဗဟိုမျက်လုံးဟာ cebocephaly လို့ခေါ်တဲ့ ကြီးထွားမှုတစ်ခုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရင်းမြစ်: Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။