ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီဟာဆိုရင် အာဖဂန်နစ္စတန်ကလေးမလေးဆီကနေ ရရှိခဲ့တဲ့ စိတ်မကောင်းဖွယ်ရာ စာလေးကို သူမရဲ့ လူမှုကွန်ရက်အင်စတာဂရမ် စာမျက်နှာလေးပေါ်မှာ ချပြလာခဲ့ပါတယ်။ ကလေးမလေးရဲ့ ခံစားချက်တွေကို စာလေးထဲမှာ အတိုင်းသား မြင်တွေ့ရပါတယ်။ ဒီစာလေးကိုလည်း ကလေးမလေးက အိန်ဂျလီနာဂျိုလီဆီကို ရောက်အောင် ပို့နိုင်ဖို့အတွက် ဘယ်လောက်တောင် ကြိုးစားခဲ့ရမလဲနော် ။
စာပို့ပေးတဲ့ ကလေးမလေးနဲ့ပတ်သတ်ပြီး အိန်ဂျလီနာ ဂျိုလီမှ အခုလိုလေး ပြောထားပါတယ်။ “အာဖဂန်နစ္စတန်မှာရှိတဲ့ ကလေးမလေးတစ်ယောက်က ကျွန်မဆီကို ဒီစာလေး ပို့ပေးခဲ့တာပါ။ ကျွန်မ သူမ ဘယ်သူလဲဆိုတာကို ကာကွယ်ပေးရမယ်။ သူမက တာလီဘန်တွေ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ကျောင်းမတတ်နိုင်တော့တဲ့သူပါ။ အခုအချိန်မှာဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အမျိုးသမီးတွေတောင် အဖမ်းခံနေကြရပါပြီ ။ ကလေးမလေးပို့လိုက်တဲ့ ဒီစာလေးထဲမှာ ကျွန်မ ဘယ်တော့မှ အပြင်ပြန်ထွက်နိုင်တော့မှာမဟုတ်ဘူး .. ကျွန်မကိုယ် ကျွန်မ မိန်းကလေး ဖြစ်တယ်ဆိုတာတောင် ပြောခွင့် မရနိုင်တော့ပါဘူး ဆိုပြီးရေးထားပါတယ်။”
ကလေးမလေးရဲ့ စာနဲ့ပတ်သတ်ပြီး အိမ်ဂျလီနာဂျိုလီက အာဖဂ္ဂနစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပြီဖြစ်တဲ့အကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို အမျိုးသမီးဆိုတာတောင် ပြောခွင့်မရှိတော့တဲ့ အကြောင်းလေး ၊ သူတို့လေးတွေကို မမေ့လျော့ဘဲ တစ်ကမ္ဘာလုံးကို ကူညီစောင့်ရှောက်ပေးသင့်တယ်ဆိုတဲ့အကြောင်းကို တစ်ကမ္ဘာလုံး သိစေရန်အတွက် ဖွင့်ချပြောဆိုပေးခဲ့ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။