Prince Prospero ရဲ့နိုင်ငံမှာ Red Death လို့ခေါ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါဟာ တစ်ပြည်လုံးကိုရိုက်ခတ်ခဲ့ပြီး နိုင်ငံသူမြို့သားထက်ဝက်သေဆုံးခဲ့ကြပါတယ်။ သို့သော် မင်းသား Prospero ဟာ ၎င်းကို လျစ်လျူရှုပြီး ဘာမှတာ၀န်ယူချိန်မရှိပဲ သူနှစ်သက်တဲ့ အမျိုးကောင်းသမီးများနှင့် သူရဲကောင်း တစ်ထောင်ဖြင့် ပွဲကျင်းပနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ရဲတိုက်တံခါးကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လုပ်မရအောင် ပိတ်လိုက်ပြီး ဂီတ၊ ဝိုင်နှင့် သူရဲ့လူများဖြင့် ပွဲကို စတင်ကျင်းပပါတယ်။ မင်းသား Prospero ဟာ မည်သူမျှ အပြင်သို့လည်းမထွက်နိုင် အထဲသို့လည်းမဝင်နိုင်အောင် သူ့နန်းတော်ရဲ့ တံခါးများကို ဂဟေ‌ေတာင် ဆော်ထားပါတယ်။

ခြောက်လအကြာတွင် မင်းသား Prospero ဟာ Masquerade Ball ဆိုတဲ့ လူတိုင်း မျက်နှာဖုံး၀တ်လာရတဲ့ ပွဲကိုပြုလုပ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ မင်းသားဟာ လိမ္မော်၊ အပြာ၊ အစိမ်း၊ ခရမ်းရောင်၊ အဖြူ နှင့် အနက်ရောင် ကွဲပြားသော အခန်းခုနစ်ခန်းပါတဲ့ အခန်းတစ်ခုကို စီစဉ်လိုက်ပါတယ်။ အနက်ရောင်အခန်းကတော့ ကြောက်စရာကောင်းပြီး သေမင်းနှင့်တူပါတယ်။ အခန်းတွင် သွေးရောင်ပြတင်းပေါက်များ၊ အနက်ရောင် နံရံများနှင့် အသံမြည်နေတဲ့ ဧရာမ အနက်ရောင်နာရီကြီး ရှိပါတယ်။ အသံက ကြောက်စရာကောင်းလွန်တာမို့ လူတွေတောင် ရပ်ပြီး စိုက်ကြည့်နေတက်ကြပါတယ်။

သန်းခေါင်ယံအချိန်မှာ နာရီဟာ အသံမြည်လာခဲ့ပြီး ပါတီတွင်းမှာ သေသူတစ်ယောက်လို သေမင်းမျက်နှာဖုံးနဲ့ အနီ‌ေရာင် ဝတ်စုံကို ၀တ်ဆင်ထားတဲ့ လူတစ်ဦးကို လူတိုင်းတွေ့လိုက်ရပါတယ်။ သူ့ကိုတွေ့တာနဲ့ မင်းသား Prospero က အရမ်းဒေါသထွက်ပြီး Black room ဆီကို လျှောက်သွားရင်း အဲ့လူကို လိုက်ဖမ်း‌ေနခဲ့တယ်။ သို့သော် သူဝင်ခါနီးတွင် သူလိုက်နေခဲ့တဲ့လူက သူ့ကိုပြန်ကြည့်လိုက်တာကြောင့် Prospero သေဆုံးသွားခဲ့ပါတယ်။

အကြောင်းမှာ သူဟာ ဓါးမြောင်းကို ကိုင်ဆောင်နေခဲ့တာဖြစ်ပြီး ထိုမျက်နှာဖံုး၀တ်ထားတဲ့ လူကိုတွေတဲ့အချိန်မှာ လန့်ပြီး ချော်လဲကာ ကိုယ့်ဓါးနဲ့ကို ထိုးမိခဲ့တာဖြစ်ပါတယ်။ သို့သော် သူ့ဧည့်သည်တွေအားလုံး ထိတ်လန့်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူလိုက်နေခဲ့တဲ့လူရဲ့ မျက်နှာဖုံးအောက်မှာ ဘာတစ်ခုမှမရှိဘူးဆိုတာကို သိလိုက်ရလို့ပါပဲ။ အကြောင်းမှာ မင်းသားရဲ့ ပါတီကို ရောက်ရှိလာတာကတော့ Red Death ပဲဖြစ်ပါတယ်။ အဲ့နောက် ရဲတိုက်ထဲက လူအားလုံး ထိုရောဂါနဲ့ သေဆုံးခဲ့ကြရပါတယ်။ Red Death ဆိုတာဟာ တကယ်တော့ အနီရောင် ပဝါကိုခြုံထားတဲ့ သေမင်းတစ်ယောက်ပါပဲ။

သတင်းအရင်းမြစ်: Mom Junction

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။