တပ်ကြပ်ကြီး မောရစ်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးမှာ မှော်အစွမ်းများရှိတဲ့ မျောက်လက်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့သူငယ်ချင်း မစ္စတာဝှိုက်နှင့် သူ့မိသားစု ဇနီးနှင့် သားတို့ကို ဒီမျောက်လက်ရဲ့ စွမ်းအားများအကြောင်း ပြောပြခဲ့ပါတယ်။ ဒီအရာဟာ သူ့ရဲ့ပိုင်ရှင်များကို သူတို့တောင်းဆိုလိုတဲ့ ဆန္ဒသုံးခုကို ပေး‌ေကြာင်း ပြောပြလိုက်ပါတယ်။ တပ်ကြပ်ကြီးဟာ ဒီအရာဟာ လိုချင်တဲ့ ဆန္ဒကို ပေး‌ေပမယ့် ဘေးဥပဒ်ဟာလည်း ၎င်းတို့နှင့်အတူ လာတတ်ကြောင်း ဝှိုက်ကို သတိပေးခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိသားစုဟာ သူ့ထံမှ မျောက်လက်ကို ဝယ်လိုက်ပြီး တပ်ကြပ်ကြီးဆိမှ ထွက်သွားကြပါတယ်။

ရက်အနည်းငယ် ကြာတဲ့အခါ သားက မျောက်လက်ကိုကိုင်ပြီး ပိုက်ဆံတချို့ ရရှိစေရန် ဆုတောင်းလိုက်ပါတယ်။ နောက်တစ်နေ့တွင် သားဖြစ်သူ အလုပ်သွားပြီးနောက် သူ့ရဲ့ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ရောက်ရှိလာပြီး သားဖြစ်သူ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားကြောင်း မစ္စတာဝှိုက်နှင့် သူ့ရဲ့ဇနီးတို့အား အသိပေးကာ သူတို့သားဆု‌ေတာင်းခဲ့တဲ့ ပမာဏအတိုင်းပင် ငွေကြေးလျော်ကြေးပေးခဲ့ပါတယ်။ အဲ့‌ေနာက် မစ္စစ်ဝှိုက်က သူတို့သားလေး အသက်ရှင်လျက် အိမ်ပြန်ရောက်ပါစေလို့ ဆုတောင်းပါတယ်။

ဆုတောင်းပြီးချိန်မှာပဲ တံခါးခေါက်သံကြားရပြီး အပြင်ကလူဟာ မျောက်လက်ကို ကိုင်လို‌ေနတာကြောင့် ခေါက်သံများဟာ တဖြည်းဖြည်း ပြင်းထန်လာပါတယ်။ မစ္စတာဝှိုက်က ဘာတွေဖြစ်နေတာလဲဆိုတာကို သိရှိနေခဲ့ပါတယ်။ အဲ့နောက်သူဟာ မျောက်လက်ကိုကိုင်ပြီး နောက်ဆုံးဆန္ဒတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့နောက် ဘာမှမသိတဲ့ ဇနီးသည်က သူ့သားလေးပြန်လာတဲ့ အထင်နဲ့ တံခါးဖွင့်တော့ ဘယ်သူမှ မရှိနေခဲ့ပါဘူး။ ဒါပေမယ့်လည်း ယောက်ျားဖြစ်သူကတော့ မိန်းမကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးခဲ့‌ေပမယ့် မိန်းမဖြစ်သူကတော့ သူ့သားလေးကို့ ‌သူ့နဲ့ဝေးအောင်လုပ်တယ်ဆိုပြီး ဓားနဲ့ထိုးသတ်ခဲ့ပြီး နောက်ဆုံးမှာသူလည်း နောင်တရကာ ကိုယ့်ကိုကို သတ်သေသွားပ‌ါတော့တယ်။ သူတို့ရဲ့အနားမှာတော့ မျောက်လက်တစ်ခုကို တွေ့နေခဲ့ရပါတယ်။

သတင်းအရင်းမြစ်: Mom Junction

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။