သင့်အနေနဲ့ ခေါင်းအုံးနဲ့ လက်ထပ်မှာပါလား။ ဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်မလားဆိုတာ စဉ်းစားကြည့်ဖို့ အချိန်အနည်းငယ်ယူလိုက်ပါ။ သို့သော် တောင်ကိုးရီးယားတစ်ဦးဟာ ခေါင်းအုံးတစ်လုံးကို ချစ်မိသွားပြီး သူမနဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အရာပါပဲ။ အခုချိန်မှာတော့ သူဟာ ပျော်ရွှင်တဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။ ခုဖော်ပြနေဲ့ ဇာတ်လမ်းလေးကတော့ Fate Testarossa လို့ အမည်ပေးထားတဲ့ ခေါင်းအုံးကို အလေးအနက်ထား လက်ထပ်ခဲ့တဲ့ Lee Jin Gyu ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ကိုးရီးယားမီဒီယာတွေတောင် ခေါင်းအုံးပေါ်က အန်နီမီဇာတ်ရုပ်နဲ့ သူ့ရဲ့မင်္ဂလာပွဲအကြောင်း အပြည့်အစုံ ဖော်ပြခဲ့ပါတယ်။

လူတော်တော်များများဟာ ဒီအချစ်ဇာတ်လမ်းကို ထူးဆန်းစွာတွေ့မြင်ခဲ့ရပြီး တစ်စုံတစ်ယောက်ဟာ အရာဝတ္ထုတစ်ခုကို မည်သို့ချစ်မြတ်နိုးပြီး တစ်သက်လုံး အတူနေနိုင်မည်နည်းဆိုတာကုိလည်း မေးခွန်းထုတ်ကြလျက်ရှိခဲ့ပါတယ်။ အခြားသူများကမူ ဒါဟာ လူသိရှင်ကြား လုပ်ဇာတ်တစ်ခု ဖြစ်နိုင်သည်ဟုပင် သံသယရှိကြပါတယ်။ Lee Jin Gyu ဟာ အဲ့ဒီဝေဖန်မှုတွေအတွက် သူ့ကိုယ်သူ ကျောထောက်နောက်ခံပေးခဲ့ပါတယ်။ သူဟာ Fate Testarossa ခေါင်းအုံးကို တကယ်ကို ရူးသွပ်စွာ ချစ်မိကြောင်း အကြိမ်ကြိမ် ထပ်ပြောဖူးပါတယ်။ Lee ဟာ သူ့ရဲ့ခေါင်းအုံနာမည်ကို 'dakimura' (ကြီးမားပြီး ပွေ့ဖက်နိုင်သော ဂျပန်ခေါင်းအုံးတစ်မျိုး) လို့ အမည်ပေးခဲ့ပါတယ်။

Fate ဟာ Mahou Shoujo Lyrical Nanoha အမည်ရှိ anime စီးရီးတစ်ခုမှ ဇာတ်ကောင်တစ်ဦးဖြစ်‌ကြောင်း သိရှိရပါတယ်။ ခေါင်းအုံးကိုဝယ်ပြီးကတည်းက ချစ်စပြုလာခဲ့တာဖြစ်ပါတယ်။ တကယ်တော့ သူဟာ ကုန်တိုက်များ၊ အပန်းဖြေစခန်းများ၊ အများသူငှာပန်းခြံများနှင့် သူသွားတဲ့ နေရာတိုင်းမှာ Fate ကို သူနှင့်အတူ ယူဆောင်သွားပြီး ချိန်တွေ့လေ့ရှိပါတယ်။ " Fate ကိုချစ်တဲ့ ငါ့အချစ်က မပြောင်းလဲနိုင်ပေမယ့် ငါတို့အိမ်ထောင်ရေးအကြောင်း စဉ်းစားဖို့ အချိန်ပိုယူမယ်" လို့ Fate ကို လက်မထပ်ခင် Lee က ပြောခဲ့ဖူးပါတယ်။ မင်္ဂလာဆောင်ပွဲဟာ ဘုရားကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး သူတို့ရဲ့ လက်ထပ်မှုဟာ လူအများရဲ့ တုံ့ပြန်မှုအမျိုးမျိုးကို ရရှိခဲ့ပါတယ်။

သတင်းအရင်းမြစ်: The Youth

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။