1954 ခုနှစ်တုန်းက Demikhov နှင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ ခွေးတစ်ကောင်ကို ခေါင်းနှစ်လုံး ခွဲစိတ်မှု 23 ကြိမ်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုအတိုင်းအတာအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။ 1959 ခုနှစ်တွင် 24 ကြိမ်မြောက်ဟာ အအောင်မြင်ဆုံး ကြိုးပမ်းမှု မဟုတ်ေပမယ့်လည်း LIFE မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ပါ၀င်တဲ့ ဓာတ်ပုံများ ပေါ်လာသဖြင့် လူသိရှင်ကြား အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သမိုင်းမှာ အမှတ်ရဆုံး ခွေးခေါင်းနှစ်လုံး ဖြစ်လာခဲ့ပါတယ်။
ဒီခွဲစိတ်မှုအတွက် Demikhov က Brodyaga (Russian for "tramp") နဲ့ Shavka လို့ခေါ်တဲ့ ခွေးငယ်လေးကို ရွေးချယ်ခဲ့ပါတယ်။ Brodyaga ဟာ အဓိက ခွေးဖြစ်ပြီး Shavka ဟာ ဒုတိယ ဦးခေါင်းနှင့် လည်ပင်းကို ထောက်ပံ့ပေးပါတယ်။ အဖွဲ့ရဲ့ အတွေ့အကြုံ ကြွယ်ဝမှုကြောင့် ဒီခေါင်းနှစ်လုံးခွေးကို ပြုလုပ်ရာတွင် သုံးနာရီခွဲမျှသာ ကြာခဲ့ပါတယ်။ အဲ့နောက် ခေါင်းနှစ်လုံးပါတဲ့ ခွေးကို ပြန်လည်အသက်သွင်းပြီးနောက် ဦးခေါင်းနှစ်ဖက်စလုံးဟာ ကြားနိုင်၊ မြင်နိုင်၊ အနံ့ခံနိုင်ကာ မျိုချနိုင်မှာ ဖြစ်ပါတယ်။
Shavka ရဲ့ အစားထိုးထားတဲ့ ခေါင်းဟာ သောက်နိုင်ေပမယ့်လည်း Brodyaga ရဲ့အစာအိမ်နှင့်မချိတ်ဆက်ပါဘူး။ သူမသောက်သမျှဟာ ပြင်ပပြွန်မှတဆင့် ကြမ်းပြင်ပေါ်သို့ စီးဆင်းသွားပါတယ်။ နောက်ဆုံးတွင် ခေါင်းနှစ်လုံးပါတဲ့ ခွေးဟာ လေးရက်သာ အသက်ရှင်ခဲ့ပါတယ်။ လည်ပင်းတွင် သွေးကြောတစ်ပေါက်ဟာ မတော်တဆ ထိခိုက်မိခြင်းမရှိခဲ့ပါက သူဟာ ၂၉ ရက်အတွင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Demikhov ရဲ့ အသက်အရှည်ဆုံး ခေါင်းနှစ်လုံးပါ ခွေးထက်ပင် အသက်ပိုရှည်နိုင်ခဲ့မှာပါ။
သတင်းအရင်းမြစ်: Allthatsinteresting
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။