ဆယ်ကျော်သက်အရွယ်တွင် ဘာသာရေးကူးပြောင်းခဲ့ပြီး အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိတဲ့ ဆိုက်ဘေးရီးယားနွယ်ဖွား Muzhik သို့မဟုတ် လယ်သမားတစ်ဦးဖြစ်တဲ့ Rasputin ဟာ သူ့ရဲ့သွေးထွက်ခြင်းကို ရပ်တန့်နိုင်တဲ့ စွမ်းရည်ဖြင့် ၁၉၀၈ ခုနှစ်တွင် Nicholas II နှင့် Czarina Alexandra တို့ရဲ့ သားဖြစ်သူ Alexei ကို ဟေမိုဖီလစ်ရောဂါဖြစ်နေချင်းမှ ကုသပေးခြင်းဖြင့် မျက်နှာသာရရှိခဲ့ပါတယ်။ ထိုအချိန်မှစကာ သူရဲ့ အာဏာ‌အပေါ် မူးယစ်ခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရ‌ပေမယ့်လည်း ရပ်စ်ပူတင်ဟာ ရုရှားနိုင်ငံရဲ့ အုပ်စိုးသူမိသားစုအပေါ် ဩဇာကြီးမားကာ မှူးမတ်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် တောင်သူလယ်သမားများကို ဒေါသထွက်စေခဲ့ပါတယ်။

အထူးသဖြင့် သူဟာ ဇာရီနာကို လွှမ်းမိုးခဲ့ပြီး သူမရဲ့ချစ်သူဟု ကောလာဟလများ ထွက်ပေါ်ခဲ့တဲ့ အထိပါပဲ။ ပထမကမ္ဘာစစ်တွင် ရုရှားတပ်များကို ဦးစီးရန် Nicholas ထွက်ခွာသွားတဲ့အခါ Rasputin ဟာ Alexandra မှတဆင့် နိုင်ငံကို ထိထိရောက်ရောက် အုပ်ချုပ်ခဲ့ပြီး Romanov Russia ရဲ့ ယခင်ကတည်းက ရှိနှင့်ပြီးသား အကျင့်ပျက်ခြစားမှုများနှင့် မငြိမ်မသက်မှုများကို ပံ့ပိုးပေးခဲ့ပါတယ်။ Rasputin ရဲ့ ကြီးထွားလာမှုကို ကြောက်ရွံ့ခြင်း (အခြားအရာများထဲတွင် သူဟာ ဂျာမန်များနှင့် သီးခြားငြိမ်းချမ်းရေးပြုလုပ်ရန် ကြံစည်နေသည်ဟု အချို့က ယုံကြည်ကြသည်) ကြောင့် မင်းသား Felix Youssupov၊ မင်းသား Felix Youssupov ဦးဆောင်တဲ့ မှူးမတ်အုပ်စု၊ Nicholas ရဲ့ ပထမဆုံးဝမ်းကွဲ Dmitri Pavlovich ဟာ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ညတွင် Rasputin အား Youssupov နန်းတော်သို့ သွေးဆောင် ခေါ်ဆောင်ခဲ့ပါတယ်။

ဦးစွာ ရပ်စ်ပူတင်ကို လူသတ်သမားများဟာ အရူးဘုန်းကြီးအား ဆိုင်ယာနိုက်ဖြင့် ဖျော်ထားတဲ့ ဝိုင်ကို အစာနှင့် ကျွေးခဲ့ပါတယ်။ အဆိပ်ခတ်ပြီး မသေတဲ့အခါ အနီးကပ် ပစ်သတ်၍ သေစေခဲ့ပါတယ်။ သို့သော်လည်း ခဏအကြာတွင် ရပ်စ်ပူတင်ဟာ ပြန်လည်အသက်ဝင်လာပြီး နန်းတော်မြေပြင်မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာတွင် တိုက်ခိုက်ရေးသမားများက သူ့ကို ထပ်မံပစ်ခတ်ကာ ပြင်းထန်စွာ ရိုက်နှက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ Rasputin ကို ဘယ်လိုမှ သတ်မရတဲ့အဆံုးမှာ အသက်ရှင်နေတုန်း ချည်နှောင်ပြီး အေးခဲနေတဲ့ မြစ်ထဲကို ပစ်ချလိုက်ပါတယ်။ သူ့အလောင်းကို ရက်အတော်ကြာမှ ရှာဖွေတွေ့ရှိခဲ့ပြီး အဓိက ပူးပေါင်းကြံစည်သူနှစ်ဦးဖြစ်တဲ့ Youssupov နှင့် Pavlovich ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အဲ့နောက် သိပ်မကြာခင်မှာပဲ ဘိုရှီဗစ်တော်လှန်ရေးက နယ်ချဲ့အစိုးရကို အဆုံးအဖြတ်ပေးခဲ့ပါတယ်။ နီကိုးလပ်စ်နှင့် အလက်ဇန္ဒြာတို့ အသတ်ခံခဲ့ရချိန်မှာတော့ ရှည်လျားပြီး မှောင်မိုက်တဲ့ Romanovs များရဲ့ အုပ်စိုးမှု ပြီးဆုံးသွားခဲ့ပါ‌ေတာ့တယ်။

သတင်းအရင်းမြစ်: Britannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။