ကိုဗစ်-၁၉ ရောဂါပိုးကြီးကတော့ အခုတလောမှာ ပြန်လည် စတင်ပြန့်နှံ့နေပြန်ပါပြီ။ ပျံ့နှံ့လာပုံက မြန်ဆန်ပြီး ရိုးရိုးသာမန် နှာစီးချောင်းဆိုးတာလောက်နဲ့ကို positive ထွက်နေတာကြောင့်လည်း လူတော်တော်များများကြားမှာ ထိတ်လန့်မှုက ပိုပြီးဆိုးရွားလာပါတယ်။

Google

လတ်တလောကူးစက်မှုခံနေရတဲ့သူတွေထဲမှာ ကာကွယ်ဆေးကို အပြည့် ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် (booster) သုံးမျိုးစလုံး ထိုးထားပေမယ့်လည်း ကူးစက်ခံနေရတာဖြစ်ပါတယ်။ တချို့ဆို antibody ထွက်ပြီးသားတွေပါ ပါနေပါသေးတယ်။ ဒါကြောင့် အိုမီခရွန် ကိုဗစ် ၁၉ အသွင်ပြောင်းရောဂါ ကူးစက်ပျံ့နှံ့နေပြီဖြစ်တယ်လို့ တချို့ကလည်း သုံးသပ်ထားကြပါတယ်။

WHO

အိုမီခရွန်က ကိုဗစ် - ၁၉ မျိုးကွဲ ဗိုင်းရပ်စ် ပိုးဖြစ်တာကြောင့် ကာကွယ်ဆေးထိုးထားလည်း ထပ်မံကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် ကာကွယ်ဆေး ဘယ်နှစ်ကြိမ် ထိုးထားထိုးထား ၊ antibody ဘယ်လောက်ထွက်ထွက် မပေါ့ဆကြဘဲ သတိလေးထားပေးကြဖို့ လိုအပ်ပါတယ်နော်။

Google

လူကြားထဲသွားတာ အတတ်နိုင်ဆုံးရှောင်ပြီး လက်ကို ခဏခဏဆေးပါ။ အပြင်သွားတိုင်း Mask တတ်ကြပါ။နှာစီး ၊ ချောင်ဆိုးပြီး နေလို့မကောင်းဖြစ်နေရင်လည်း တတ်နိုင်သမျှလေး အိမ်ထဲမှာ နေထိုင်ပေးကြပါနော်။ အားလုံးပဲ ကိုဗစ် - ၁၉ ရောဂါဆိုးကြီးကို အကောင်းဆုံးကျော်လွှားနိုင်ကြပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။