ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာဆိုရင် ၂၅ နှစ်တိုင်အောင် စားစရာတစ်ခုတည်းကို စားနေတဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းအကြောင်းကို ဖွင့်ချလာခဲ့ပါတယ်။ ဒီအကြောင်းကို ဒေးဗစ်ဘက်ခမ်းက River Café Table 4 မှာ ဖွင့်ချပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Google
Google

ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ အစားအသောက်စားပြီဆိုရင် အရမ်း စိတ်ခံစားချက်ပြင်းထန်ပြီး တစ်ခုခုကောင်းတာစားမိပြီဆိုရင်လည်း အခြားသူတွေကိုပါ စားကြည့်ဖို့ လိုက်ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးဖြစ်သူကတော့ တူညီတဲ့ဟင်းအမျိုးအစားဖြစ်တဲ့ ငါးကင်နဲ့အသီးအရွက်ပြုတ်တွေကို သာ စားတယ်လို့ ဒေးဗစ်ကဆိုပါတယ်။ စားသုံးတဲ့ အချိန်ကာလကလည်း ခဏတဖြုတ်မဟုတ်ဘဲ ၂၅ နှစ်တိုင်အောင်စားတာဖြစ်တယ်လို့ ဒေးဗစ်က ထပ်ဆောင်းပြောထားပါသေးတယ်။

Google
Google

“ကျွန်တော်ကအစားအသောက်နဲ့ပတ်သတ်ပြီး စိတ်အားထက်သန်တဲ့သူဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်လက်ထက်ခဲ့တဲ့ သူကတော့ အဲ့လိုမဟုတ်ဘူး။ ကျွန်တော် ဗစ်တိုးရီးယားနဲ့စပြီးတွေ့ကတည်းက သူက ငါးကင်နဲ့ အရွက်ပြုတ်တွေပဲစားတာ ကျွန်တော်နဲ့ လုံးဝကွဲထွက်တယ်”

Google

ဗစ်တိုးရီးယားဟာ ၂၅ နှစ်တိုင်အောင် ပုံစံအမျိုးအစားတူ ငါးကင်နဲ့အရွက်ပြုတ်သာ စားလေ့ရှိပေမယ့် တစ်ခါတုန်းကတော့ ဒေးဗစ်ပန်းကန်ထဲက နှိုက်စားဘူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်က အငယ်ဆုံးသမီးလေး Harper ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ဖြစ်ပြီး အဲဒီအခိုက်အတန့်လေးကို ဒေးဗစ်တစ်ယောက် အမြဲတမ်းအမှတ်ရမိနေခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်က ဗစ်တိုးရီးယားအတွက် အခြား အစားအစာတစ်ခုကို မြည်းကြည့်တာ ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တယ်လို့လည်း ဒေးဗစ်က ထပ်ဆောင်းပြောထားပါသေးတယ်။

Google

ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းဟာ အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ချစ်သူ ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ဇနီးမောင်နှံမှာ အသက် ၂၂ နှစ် အရွယ် Brooklyn Beckham ၊  အသက် ၁၉ နှစ်အရွယ် Romeo Beckham, အသက် ၁၆ နှစ်အရွယ်  Cruz Beckham နှင့် အသက် ၁၀ နှစ်အရွယ်  Harper တို့ရှိနေပြီပဲဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။