အားလုံးပဲ အခုတလောအရမ်းကို နာမည်ကြီးနေတဲ့ “All of Us Are Dead” ကျောင်းသား ဇွန်ဘီကားလေးကို သတိပြုမိကြမှာပါနော်။ “All of Us Are Dead” က ဇွန်ဘီး ဇာတ်လမ်းလေးကိုမှ ကျောင်းသားတွေကြားမှာ ရိုက်ကူးထားတဲ့ အောင်မြင်မှုတွေအများကြီးရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ပါဝင်ထားကြတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Park Ji Hu ၊ Yoon Chan Young ၊ Cho Yi Hyun နှင့် Lomon တို့အားလုံးက ဝါရင့်သရုပ်ဆောင်ကြီးတွေမဟုတ်ပေမယ့် ဒါရိုက်တာကြီး Lee Jae Gyu ရဲ့ လမ်းညွှန်ချက်အတိုင်း တစ်သွေမတိမ်း ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှုတွေအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။

Soompi

အဲဒီထဲကမှ Cho Yi Hyun နှင့် Lomon တို့ အနမ်းပေးကြတဲ့ အခန်းလေးကလည်း နာမည်ကြီးနေပါတယ်။ အနမ်းပေးကြတဲ့အခန်းနဲ့ပတ်သတ်ပြီး ဘယ်နှကြိမ်အထိ ပြန်လုပ်ခဲ့ရသလဲဆိုတဲ့အကြောင်းကို အင်တာဗျူးမှာ ဒါရိုက်တာကြီး Lee Jae Gyu က ကာကယံရှင် သရုပ်ဆောင်တွေကို မေးလိုက်ပါတယ်။

Soompi

အချိန်ခဏကြာစဉ်းစားပြီးတဲ့နောက်မှာ တက်သစ်စမင်းသားလေးက Lomon က ၁၇ ကြိမ် တိတိ ပြန်လုပ်ခဲ့ရကြောင်း ဖြေခဲ့ပါတယ်။ ကျွန်တော်တို့ အကြိမ်တော်တော်ကြာအောင် ထပ်ခါထပ်ခါ ပြန်လုပ်ခဲ့ရပါတယ် လို့ Lomon က ပြောခဲ့ပါသေးတယ်။ မင်းသမီးလေး Cho Yi Hyun ကလည်း အနမ်းဇာတ်ဝင်ခန်းကို ၁၇ ခါအောင် ပြန်လုပ်ခဲ့ရတဲ့အတွက် အခုလိုလေး ပြောထားပါတယ်။

Soompi

“ကျွန်မ Lomon ကို တကယ်တောင်းပန်ပါတယ်။ ဘာလို့ဆို ကျွန်မ အနမ်း ဇာတ်ဝင်ခန်းနဲ့ပတ်သတ်ပြီး လေ့လာထားတာက အနမ်းပေးရင် မျက်လုံးမှိတ်ထားရမယ်လို့ သိထားလို့ပါ။ ဒါကြောင့် မျက်လုံးကို အရမ်းပိတ်ထားလို့ သူ့နှုတ်ခမ်း ဘယ်မှာလဲဆိုတာ ရှာမတွေ့ပါဘူး။”

Soompi

Cho Yi Hyun ရဲ့ ပြောပုံအရဆိုရင် အနမ်းပေးတဲ့ဇာတ်ဝင်ခန်း အကြိမ် ၁၇ ကြိမ်တောင် ပြန်လုပ်ရတာ သူမကြောင့်ပဲဖြစ်ပါလိမ့်မယ် ။ Lomon ကလည်း ဒီဇာတ်ဝင်ခန်းလေးက သူအကြိုက်ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်ကြောင်း ပြောထားပါသေးတယ်။ ကောင်မလေးတို့ကတော့ တကယ့်ကို အမွှေစိန်လေးနော် ။ အခြားအခန်းလည်း မဟုတ် အနမ်းပေးတဲ့ ဇာတ်ဝင်ခန်းကိုမှ ၁၇ ကြိမ်တဲ့ ချစ်ဖို့ကောင်းလိုက်တာ .. 

Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။