သရဲကားကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ခုတစ်ခါမှာတော့ လူတော်တော်များများက ကြောက်စရာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ရုပ်ရှင်ကား တစ်ကားကို ဖော်ပြလိုက်ပါတယ်။ သရဲကား ကြိုက်သူတွေအတွက်လည်း မကြည့်မဖြစ် ကြည့်သင့်တဲ့ ကားတစ်ကားဆိုလည်းမမှားပါဘူး။ တစ်ခုရှိတာက တစ်ယောက်နဲ့တစ်ယောက်ဟာ ကြောက်စရာကောင်းတဲ့အရာကို သတ်မှတ်ပုံချင်း မတူတာကြောင့် အငြင်းပွားမှု အနည်းငယ်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကားဟာ လူတွေရဲ့ ကြောက်စိတ်ကိုတောင် ထိတ်လန့်စေခဲ့ပါတယ်။

ရုပ်ရှင်ကားရဲ့ နာမည်ကတော့ ၁၉၇၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ " The Exorcist " ဖြစ်ပြီး William Friedkin ရဲ့ နတ်ဆိုးစွဲနေတဲ့ ကလေးတစ်ဦးအကြောင်းနဲ့ နတ်ဆိုးအား နှင်ထုတ်ရန် ကြိုးပမ်းမှုများကုိ ဇာတ်အိမ်တည်ထားတဲ့ ဝတ္ထုကို လိုက်လျောညီထွေဖြစ်အောင် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ဝင်ငွေအကောင်းဆုံး R အဆင့်ထိတ်လန့်စရာဇာတ်ကားဖြစ်လာပြီး R-rated ထိတ်လန့်စရာဇာတ်ကားတွေထဲမှာ အော်စကာဆုအတွက် ပထမဆုံး ဆန်ခါတင်စာရင်းဝင်တဲ့ ပထမဆုံးရုပ်ရှင်ဖြစ်လာပါတယ် (အခြား ဆန်ခါတင် ကိုးဆုနှင့် အခြားဆုတွေလည်း ရရှိခဲ့ပါတယ်)။

ဒါပေမယ့် ရုပ်ရှင်ရဲ့ ဝေဖန်ပိုင်းခြားမှုနှင့် စီးပွားရေးအရ ဇာတ်ကားဟာ နိုင်ငံတစ်ဝှမ်းတွင် အငြင်းပွားဖွယ်အကြောင်းအရာနှင့်ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သလို ကြည့်ရှုသူတွေကိုလည်း ပျို့အန်ခြင်း၊ မူးမေ့ခြင်းတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒီကားဟာ လူသိများလာခဲ့ပြီး ထိတ်လန့်စရာ အကောင်းဆုံး ကားတစ်ကား ဖြစ်စေခဲ့ပါတယ်။ အဲ့ဒိခေတ်အခါတုန်းက တခြား သရဲကားတွေနဲ့ ယှဉ်ရင် ဒီကားဟာ မတူညီပဲ ကွဲထွက်တာတွေ၊ ဇာတ်အိမ်ဇာတ်လမ်း ကောင်းမှုတွေနဲ့ ရင်ထိတ်သည်းဖို့ ကြည့်ရှု့ရတာကြောင့် ဒီကားဟာ အောင်မြင်ခဲ့ပါတယ်။ ‌ယနေ့ထိလည်း ကြည့်ရှု့သူတွေကို စွဲဆောင်နိုင်သေးပါတယ်။ ဒါ့ကြောင့် မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်းအရင်းမြစ်: Rotten Tomatoes

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။