အစားသရဲတို့အတွက် အစာစားနေချိန်အတွင်း လုံခြုံစိတ်ချစွာ တပ်ထားလို့ရနိုင်မယ့် “kosk” လို့ခေါ်တဲ့ Mask တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ဖြူးရောင်းချနေပါပြီ။သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ Mask ပုံစံ ဒီဇိုင်းကြောင့် လူတော်တော်များများရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။ အစာစားနေချိန်အတွင်း တပ်ထားနိုင်မယ့် “kosk” လို့ခေါ်တဲ့ Mask ဟာ နှာခေါင်းတစ်မျိုးတည်းကို ကွက်ပြီး အုပ်ရမယ့် Mask ဖြစ်တာကြောင့် ပါးစပ်ဟပြီး အစားအစာစားတဲ့နေရာဖြစ်ဖြစ် ၊ အရည်တစ်မျိုးမျိုး သောက်တဲ့နေရာမှာဖြစ်ဖြစ် အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

무슨 일이 일어나고 있나요?

“Kosk” Mask ဟာ တောင်ကိုရီးယားစကားလုံး ko ဆိုတဲ့စကားလုံးနဲ့ Mask ဆိုတဲ့စကားလုံးကို ပေါင်းစပ်ထားတာဖြစ်ပြီး အဓိပ္ပါယ်က နှာခေါင်း Mask လို့သိရပါတယ်။ “Kosk” ကို တောင်ကိုရီးယား အခြေစိုက်ကုမ္ပဏီ Atman က ဖြန့်ဖြူးရောင်းချတာဖြစ်ပြီး တစ်ဘူးကို ဈေးနှုန်း ဝမ် ၉၈၀၀ (အမေရိကန်ဒေါ်လာ ၈ ကျပ်ဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။ Mask က နှစ်မျိုးပေါင်းစပ်ထားတာဖြစ်ပြီး အောက်ကတစ်ခုကို အစာစားတဲ့အချိန်မှာ ပါးစပ်ပေါ်ဖို့အတွက် ဖယ်ချလို့ရတယ်လို့ သိရပါတယ်။

무슨 일이 일어나고 있나요?

Mask ပုံစံက ကြိုးနှစ်ကြိုးနဲ့ နှာခေါင်းတစ်ပိုင်း ပါးစပ်တစ်ပိုင်းပါတာဖြစ်ပြီး အစာစားတဲ့အချိန်မှာ ပါးစပ်အုပ်ထားတဲ့ အပိုင်းကို ဖယ်ချထားလို့ရပြီး ကျန်အချိန်မှာတော့ နှစ်ပိုင်းစလုံးကို အခြား Mask တွေလို မျက်နှာတစ်ဝက်အပြည့် တပ်ထားလို့ ရတယ်လို့ သိရပါတယ်။

무슨 일이 일어나고 있나요?

Kosk mask ဟာ လက်ရှိမှာ အွန်းလိုင်းအသုံးပြုသူတွေကြားမှာ အရမ်းကို နာမည်ကြီးနေပြီး တချို့ကလည်း ရိုးရိုး Mask နဲ့ ဘာမှမထူးဘူးလို့ ဝေဖန်မှုတွေရှိနေပါတယ်။ သင်တို့ရော ဘယ်လိုလဲ .. Kosk Mask ကို အဆင်ပြေလောက်တဲ့ Mask လို့ထင်လား။ ဖြေပေးခဲ့ကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။