တောင်ကိုရီးယား သရုပ်ဆောင်တွေအားလုံးဟာ ချောမောလှပတဲ့မျက်နှာပုံစံလေးတွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့တွေထဲမှာ ကလေးဘဝတုန်းက မျက်နှာနဲ့လူကြီးမျက်နှာ တူတဲ့သူတွေရှိကြသလို ကလေးရုပ်နဲ့ လုံးဝ ကွဲထွက်သွားကြတဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်တစ်ယောက်ရဲ့ မျက်နှာပုံစံလေးက လူစိတ်ဝင်စားမှုများပြားလျက်ရှိပါတယ်။ သူကတော့ အခြားသူမဟုတ်ပါဘူး။ တောင်ကိုရီးယားမင်းသား Lee Do-hyun ပဲဖြစ်ပါတယ်။

Kbizoom
Kbizoom

Lee Do-hyun ရဲ့ မူလတန်းကျောင်းက ဓာတ်ပုံလေးတွေက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ထွက်ပေါ်လာလာချင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို တခဲနက် ရရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေထဲမှာဆိုရင် Lee Do-hyun က မျက်မှန်လေးနဲ့ ဝဝကစ်ကစ်လေးဖြစ်နေတာပါ။

Kbizoom
Kbizoom

နောက်ထပ်ဓာတ်ပုံတစ်ပုံမှာလည်း Lee Do-hyun က သူ့ရဲ့ ပါးလေးကို ကိုင်ပြီး အိုက်တင်ပေးနေတာပါ။ Lee Do-hyun ငယ်ငယ်တုန်းက ပုံစံလေးက ပါးဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတာကြောင့်လည်း ပရိသတ်တွေက ချစ်နေကြပါတယ်။

Kbizoom

အလယ်တန်းကျောင်းက ဓာတ်ပုံလေးထဲမှာလည်း Lee Do-hyun ရဲ့ ပိုပြီးရင့်ကျက်လာတဲ့ ပုံစံလေးကို တွေ့လာရပါတယ်။ နူးညံ့တဲ့အပြုံးနဲ့ကြည်လင်တဲ့ ပုံရိပ်လေးတွေကြောင့်လည်း Lee Do-hyun တစ်ယောက် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ပိုပြီးရရှိနေပါတယ်။

Kbizoom

တောင်ကိုရီးယားမင်းသား Lee Do-hyun ကို ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုအချိန်မှာဆိုရင် သူ့အသက်က ၂၆ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

Google
Google

Lee Do-hyun ဟာအရမ်းသရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပြီး ဆုတွေလည်း အများကြီးရရှိထားတဲ့သူဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်ကားတွေက “18 Again” , “Sweet Home” နဲ့ “Youth of May” တို့ဖြစ်ပါတယ်။

Google
Google

ဆွဲဆောင်မှုရှိပြီး ရီလဲ့လဲ့မျက်လုံးလေးတွေကြောင့်လည်း Lee Do-hyun ကို ချစ်တဲ့သူတွေပိုများကြတာဖြစ်ပါတယ်။ ခံစားချက်ပါတဲ့ အချစ်ဇာတ်လမ်းတွေရိုက်ရင် အရမ်းကျွမ်းကျင်မှုရှိတာကြောင့်  Lee Do-hyun ရဲ့ နာမည်ပြောင်ကိုလည်း ပရိသတ်တွေက ချစ်စနိုးနဲ့ “Rom-com Master” (Romance Comedy Master) လို့ ခေါ်ဝေါ်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။