၂၀၂၂ ခုနှစ်မှာ Netflix ရဲ့ နောက်ထပ်အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ဇာတ်လမ်းတွဲကတော့ “All of Us Are Dead” ပဲဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ “All of Us Are Dead” ဇာတ်လမ်းပုံစံနဲ့ပတ်သတ်ပြီး အသေးစိတ် ပုံစံကို လူစိတ်ဝင်စားမှု များလာခဲ့ပါတယ်။

allkpop
allkpop

အောင်မြင်မှုတွေရရှိခဲ့တဲ့ “All of Us Are Dead” နဲ့ ပတ်သတ်ပြီး အင်တာဗျူးထဲမှာ ဒါရိုက်တာကြီး Lee Jae Kyu က ဇွန်ဘီကားတွေ မကြည့်တဲ့သူတွေတောင် “All of Us Are Dead” ကို ကြည့်ကြလောက်တဲ့အထိ ကြည့်ရှုသူတွေအများကြီး လိုချင်တာကြောင့် production နဲ့ပတ်သတ်ပြီး နည်းစနစ်တွေ အများကြီးထည့်သွင်း ဆောင်ရွက်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။

allkpop

ဇာတ်လမ်းထဲက ကျောင်းပုံစံကို နွေးထွေးပြီး ရွှင်ရွှင်ပြပြပုံရိပ်လေး ပေါ်စေချင်တာကြောင့် အရောင်ကာလာနဲ့အလင်းနဲ့ပတ်သတ်ပြီး အများကြီးအာရုံစိုက်ထားပြီး ပုံရိပ်မျက်နှာထားပုံစံတွေကွက်တိဝင်အောင် မီတာ ၁၀၀ စက်တင်တွေ ချိန်ညှိထားတယ်လို့လည်း ဒါရိုက်တာကြီးက ပြောပါတယ်။

allkpop

ကျောင်းသားတွေရဲ့ ဝတ်စုံကို အစိမ်းရောင်ရွေးချယ်ထားရတာနဲ့ပတ်သတ်ပြီးလည်း ဒါရိုက်တာကြီးက သူ့ရဲ့သဘောထားလေးကို အခုလို ဆိုထားပါတယ်။

allkpop
Lee Jae Kyu

ကျောင်းသားတွေရဲ့ ဝတ်စုံအစိမ်းရောင်ကို သွေးတွေစွန်းတဲ့အခန်းတွေ အများကြီးပါဝင်တာကြောင့် ဆန့်ကျင်ဘက်အရောင်ထည့်သုံးထားခြင်းအားဖြင့် ကြည့်ရှုသူတွေရဲ့ အာရုံစိုက်မှုကို အလျင်အမြန် စွဲဆောင်နိုင်တယ်လို့လည်း ဒါရိုက်တာကြီးက ထပ်ဆောင်းပြောထားပါသေးတယ်။

allkpop

“'All of Us Are Dead” ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၉၁ နိုင်ငံမှာ အောင်မြင်မှုတွေအများကြီးရရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Netflix ရဲ့ ၂၀၂၂ခုနှစ်အတွက် ပွဲဦးထွက်လှခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။