တောင်ကိုရီးယားသရုပ်ဆောင် Lee Pil Mo ဟာဆိုရင် ဒုတိယရင်သွေးလေးကို ရရှိပိုင်ဆိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ် ။ ဒီသတင်းကို သူ့ရဲ့ဇနီးဖြစ်သူ Seo Soo Yeon မှ သူမရဲ့အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် ကြေညာပေးခဲ့တာဖြစ်ပါတယ်။

Google

သူမက ဒီသတင်းလေးကို အာထရာဆောင်းရိုက်ထားတဲ့ဓာတ်ပုံလေးနဲ့အတူ အခုလိုလေး ပြောထားတာဖြစ်ပါတယ်။

Instagram

“အခု ကျွန်မ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်လာတော့မယ်။ Dam Ho မှာ အငယ်လေးရှိလာတော့မယ်။ ကိုယ်ဝန်စရှိခါစကတော့ ကျွန်မ နေလို့မကောင်းဘူး။ ဒါပေမယ့်အခုတော့ အဆင်ပြေသွားပါပြီ။ ဒီသတင်းကိုနောက်မှပြောမယ်လို့ ဆုံးဖြတ်ထားပေမယ့် အရမ်းပြောချင်နေလို့ စောစောလေး ပြောလိုက်ပါတယ်။”

Soompi
Google

Lee Pil Mo နဲ့ Seo Soo Yeon တို့ဟာ TV Chosun ရဲ့ reality show တစ်ခုဖြစ်တဲ့ “Taste of Dating” အစီအစဉ်မှာ တွေ့ခဲ့ကြပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၉ ခုနှစ်မှာ ပထမဦးဆုံးရင်းသွေးလေးကို ရရှိခဲ့ပြီး အခုတစ်ခေါက်မှာ ဒုတိယရင်သွေးလေးကို ရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရေ .. ဂုဏ်ယူပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။