ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က အကြောင်းအမျိုးမျိုးကြောင့် သူမဆီကိုရောက်ရှိလာတဲ့ ကလေးငယ်လေးတွေကို ရင်သွေးလေးများ ဂေဟာဖွင့်ကာ ခေါ်ယူပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ကလေးငယ်လေးတွေထဲမှာ မိဘ မရှိတော့လို့ စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေရှိသလို မိဘရှိလျက်နဲ့ စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေလည်း ပါပါတယ်။ ဒီကနေ့မှာလည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ သူမကယ်တင်လို့ အသက်မမှီလိုက်တော့တဲ့ ကလေးငယ်လေးအကြောင်းကို ရင်နင့်ဖွယ် ဝေမျှပေးလာခဲ့ပါတယ်။

Khine Hnin Wai's Facebook

ကလေးငယ်လေးကို စတင်တွေ့ရှိခဲ့ချိန်က ညဘက် ၁ နာရီဝန်းကျင်ခန့်ကတည်းက ဆုံးပါးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အချိန်ထဲက စွန့်ပစ်ခြင်းခံထားရမှန်းမသိတဲ့ ကလေးငယ်လေးဟာ စတင်တွေ့ရှိခဲ့ချိန် ကတည်းက ခွေးများဆွဲထားသောကြောင့် ငယ်ထိပ်ပေါက်ပြဲ ၊ တကိုယ်လုံးဒဏ်ရာများစွာဖြင့် နှုတ်ခမ်းများ ပြာနှမ်းနေပြီး ည (၁) နာရီ ဝန်းကျင်ခန့်ကတည်းက ဆုံးပါသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်လေးလို့ အစွန်းကုန် ကုသပေးခဲ့သော်လည်း အသက်မမှီခဲ့တဲ့အကြောင်းကို ပရဟိတ မင်းသမီးခိုင်နှင်းဝေမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေးပြောထားပါတယ်။

Khine Hnin Wai's Facebook

“စိတ်မကောင်းပါဘူး ကလေးရယ်..ဝဠ်ကြွေးတွေရှိရင် ဒီဘဝ နဲ့ပဲ ကျေအောင် ဆပ်သွားနိုင်ပါစေ...ဘယ်ချိန်ထဲက စွန့်ပစ်ထားမှန်း မသိပဲ ခွေးများဆွဲထားသောကြောင့် ငယ်ထိပ်ပေါက်ပြဲ ၊တကိုယ်လုံး ဒဏ်ရာများနှင့် နှုတ်ခမ်းများ ပြာနှမ်းနေပြီး ည (၁) နာရီ ဝန်းကျင်ခန့်ကပဲ ဆုံးသွားပါတယ်..အစွမ်းကုန် ကုသပေးပါသော ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် ဒီဃာယုက လူမှုကူညီရေး အသင်းကြီးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ကလေးအတွက် သက်ပျောက်ဆွမ်းလေး ကပ်ပြီး သဂြိုလ်ပေးဘို့အတွက် လိုအပ်တာများ စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်.. ”

Khine Hnin Wai's Facebook

နီတာရဲ ရက်သား အရွယ် ကလေးလေး အခုလိုလေး လူ့လောကဘာမှန်းမသိခင်ကတည်းက ဆုံးပါသွားတာ တော်တော် သနားဖို့ ကောင်းပြီး စိတ်မကောင်းစရာလေးပါနော်။ နောင်ဘဝတော့ ဒီလို ဝဋ်တွေကနေ လွတ်မြောက်ဖို့အတွက် ဆုတောင်းပေးလိုက်ပါနော် ကလေးလေးရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။