အားလုံးပဲ Memes တွေမှာ မကြာခဏပါဖူးတဲ့ ဒီကလေးလေးကို မြင်ဖူးကြမှာပါနော်။

Kbizoom

ဝဝတုတ်တုတ်ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ဒီကလေးလေးရဲ့ နာမည်က Wang Seok-hyun ဖြစ်ပါတယ်။ Wang Seok-hyun က ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Scandal Makers” လို့ခေါ်တဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသမီး Park Bo-young ရဲ့ သားလေး ၊ မင်းသား Cha Tae-hyun ရဲ့ မြေးလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Google
Google

အရမ်းချစ်ဖို့ကောင်းလွန်းအပြင် သရုပ်လည်း အရမ်းကောင်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို တခဲနက်ရရှိထားတဲ့ ကလေးလေး ဖြစ်ပါတယ်။ ဇာတ်လမ်းရိုက်ကူးတုန်းကဆိုရင် Wang Seok-hyun တစ်ယောက် Park Bo-young ကို အမေအဖြစ်သဘောကျလွန်းလို့ လုံးဝခွာလို့မရအောင်နောက်က တကောက်ကောက်လိုက်တယ်လို့ သိရပါတယ်။

Google

အခုအချိန်မှာတော့ Wang Seok-hyun လေးက လူကြီးလေးဖြစ်လာပြီး သူ့အမေအဖြစ်သရုပ်ဆောင်ဖူးခဲ့တဲ့ မင်းသမီး Park Bo-young နဲ့တောင် ရွယ်တူလို ဖြစ်နေပါပြီ။ဘယ်လောက်တောင်ရွယ်တူဖြစ်သလဲဆို ကျောင်းသားကားတောင် အတူတူပြန်ရိုက်လို့ရနေပါပြီ။ Park Bo-young တို့များ ဘယ်တော့မှအသက်ကြီးမလာဘူးနော်။

Soompi

Wang Seok-hyun က ကလေးဘဝတုန်းကတော့ ရိုးရှင်းတဲ့ရည်မှန်းချက်လေးဖြစ်တဲ့ ကားမောင်းလိုင်စင်လေးရပြီး ကားကိုယ်တိုင်မောင်းနိုင်ဖို့အတွက်သာ ရည်မှန်းထားပေမယ့် အသက်ကြီးလာတဲ့ အချိန်မှာတော့ သူ့မှာ အခြား အရေးကြီးတဲ့ ရည်မှန်းချက်တစ်ခု ရှိလာတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က သရုပ်ဆောင်ပိုင်းကို ငယ်ငယ်တုန်းက ကလေးသရုပ်ဆောင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ကွဲထွက်ပြီး သီးခြား သူအဖြစ်နဲ့ ပရိသတ်တွေကို မြင်စေချင်တာ ဖြစ်တယ်လို့ သိရပါတယ်။

Kbizoom
Kbizoom

Wang Seok-hyun ရဲ့ အသက်က ၁၈ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မျက်နှာလေးနဲ့ တော်တော်လေးကွာနေတာကြောင့် “Scandal Markers” ထဲက ကလေးလေးက သူဆိုတာကို တော်တော်များများ မမှတ်မိကြပါဘူး။ ရည်မှန်းချက်အတိုင်း အကောင်းဆုံးလူကြီးသရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော် ကောင်လေးရေ ..

Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။