အားလုံးပဲကင်းမွန်ဆိုတဲ့ ရေသတ္တာဝါလေးကို တော်တော်များများ မြင်ဖူးကြမှာပါနော်။ ကင်းမွန်ဟာ စားလို့အရမ်းအရသာရှိတာကြောင့် ကင်းမွန်လို့ ပြောလိုက်တာနဲ့ ဈေးထဲက ကင်းမွန်ကိုပဲ တော်တော်များများ သွားပြီးတွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် အခုပြောပြမယ့် စတော်ဘယ်ရီကင်းမွန် (STRAWBERRY SQUID) ကတော့ နာမည်ကြားလိုက်တာနဲ့ကို အားလုံးအတွက် အဆန်းဖြစ်နေမှာပါ။ စတော်ဘယ်ရီကင်းမွန်တွေကို အတ္တလန်တိတ်သမုဒ္ဒရာတွေရဲ့ ရေအနက် မီတာ ၁၀၀၀ လောက်မှာ တွေ့ရှိနိုင်ပါတယ်။ စတော်ဘယ်ရီကင်းမွန်တွေက ညဘက်မှာ အစာရှာထွက်လေ့ရှိတာကြောင့် သူတို့ကို ညဘက်မှာပိုပြီးတွေ့ရလေ့ရှိပါတယ်။

twilightzone.whoi.edu
twilightzone.whoi.edu
twilightzone.whoi.edu

စတော်ဘယ်ရီကင်းမွန်လို့ ခေါ်ရတဲ့အကြောင်းက စတော်ဘယ်ရီသီးလိုမျိုး အစက်အဖုလေးတွေ ရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ခန္ဓာကိုယ်မှာရှိတဲ့ အစက်အပြောက်လေးတွေက ပြောင်လတ်တောက်ပြောင်နေတာကြောင့် ရတနာတွေစီခြယ်ထားသလိုအရမ်းကို လှပပါတယ်။

twilightzone.whoi.edu

စတော်ဘယ်ရီကင်းမွန်တွေရဲ့ မျက်လုံးက ကြီးမားဝိုင်းစက် နီမြန်းတောက်ပပြီး အရမ်းကို ချစ်ဖို့ကောင်းပါတယ်။ ရတနာတွေစီခြယ်ထားတဲ့ပုံစံလေးဖြစ်နေတာကြောင့် စတော်ဘယ်ရီကင်းမွန်ကို ရတနာကင်းမွန် (jewel squid) လို့လည်းခေါ်ဝေါ်ကြပါတယ်။

twilightzone.whoi.edu

စတော်ဘယ်ရီကင်းမွန်လေးရဲ့ လှပပြီးကျက်သရေရှိလှတဲ့ပုံရိပ်လေးကို အားလုံးပဲ ဗဟုသုတရစေရန်ဝေမျှပေးလိုက်ရပါတယ်နော်။

twilightzone.whoi.edu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။