လူငယ်အဆိုတော်မူးလာဟာဆိုရင် ပြည်သူများနှင့်အတူ ရပ်တည်ကာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေဆောင်ရွက်ရင်း လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာလည်း အဆိုတော် မူးလာဟာ သီချင်းတွေရေးကာ ပြည်သူတွေကို တတ်နိုင်တဲ့ ဘက်က စိတ်ဓာတ်ခွန်အားတွေပေးနေတာဖြစ်ပြီး တော်လှန်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာကနေ အမြဲကြိုးစားနေတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း အဆိုတော် မူးလာက အကျိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတဲ့အကြောင်းကို အခုလိုလေးဝေမျှလာပါတယ်။

Saw Chris MooLer's Facebook 

“မိတ်ဆွေများအတွက် အကျိုးရှိသော လူ

လူမျိုးအတွက်အကျိုးရှိသော လူ

ချစ်ခင်ရသူများအတွက် အကျိုးရှိသော လူ

တိုင်းပြည်အတွက်အကျိုးရှိသော လူ

အကျိုးများစွာ ဖြစ်ထွန်းစေသော လူ

ဤကဲ့သို့လူဖြစ်ဖို့ ကြိုးစားနေရင်း”

Saw Chris MooLer's Facebook 

အဆိုတော်မူးလာဟာ ဒီအတိုင်းနဲ့တောင် တာဝန်ကျေလွန်းနေတဲ့သူဖြစ်ပေမယ့်လည်း မိတ်ဆွေတွေအတွက် အကျိုးရှိသောလူ ၊ လူမျိုးအတွက် အကျိုးရှိသောလူ ၊ချစ်ခင်ရသူများအတွက် အကျိုးရှိသောလူ၊ တိုင်းပြည်အတွက်အကျိုးရှိသောလူ ၊ အကျိုးများစွာဖြစ်ထွန်းစေသောလူ တစ်ယောက် ဖြစ်ချင်တဲ့အကြောင်းကို အခုလိုလေး ပြောထားတာဖြစ်ပါတယ်။

Saw Chris MooLer's Facebook 

မူးလာတစ်ယောက် ဒီထက်မက အများအကျိုးအတွက် အများကြီး ဆောင်ရွက်ပေးနိုင်တဲ့သူဖြစ်လာဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။