Squid Game ဇာတ်လမ်းနဲ့ကမ္ဘာ့တစ်ဝှမ်းပရိသတ်တွေကြားမှာ ရေပန်းစားနာမည်ကြီးလာသူကတော့ သရုပ်ဆောင် Jung Ho-yeon ပဲဖြစ်ပါတယ်။ Jung Ho-yeon ဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ပိန်သွယ်တဲ့ ခန္ဓာကိုယ်ကို မကြာခဏ ပြသလေ့ရှိတဲ့သူဖြစ်ပါတယ်။

hoooooyeony's instagram

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာလည်း Jung Ho-yeon တစ်ယောက် သူမရဲ့ ပိန်သွယ်တဲ့ ခန္ဓာကိုယ်ကို ထုတ်ပြလိုက်ပြန်ပါပြီ။ ဓာတ်ပုံထဲမှာဆိုရင် Jung Ho-yeon က ပေါ့ပေါ့ပါးပါး တီရှပ်အပြာရောင်လေးနဲ့ ဂျင်းဘောင်းဘီလေးကို ဝတ်ဆင်ထားပါတယ်။ ဆံပင်ပုံစံလေးကလည်း ဘာမှ ပြင်ဆင်ထားတာမျိုးမရှိဘဲ ပုံမှန် ခပ်ရှုပ်ရှုပ် ပွရောင်းရောင်း ပုံစံလေးအတိုင်းပဲဖြစ်ပါတယ်။ ပရိသတ်တွေ ပိုပြီး အံ့သြရတာက အရင်က ပိန်ခဲ့တဲ့ ခန္ဓာကိုယ်ထက် ပိုပြီး ပိန်သွယ်နေတာဖြစ်ပါတယ်။

hoooooyeony's instagram
hoooooyeony's instagram
hoooooyeony's instagram

ပိန်သွယ်လွန်းနေတာကြောင့် ခါးရိုးအနေအထားကို ထင်ထင်ရှားရှားတွေ့ရပြီး ဝါးလုံးလေး တစ်ချောင်း ထောင်ထားတဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် ပရိသတ်တွေက သူမရဲ့ ကျန်းမာရေးအခြေအနေကိုလည်း စိတ်ပူနေကြပါတယ်။

hoooooyeony's instagram
hoooooyeony's instagram

Jung Ho-yeon ဟာ ဘယ်တော့မှ ဝမလာတဲ့ ပိန်ပြီးရင်းပိန် ခန္ဓာကိုယ်လေးနဲ့ မော်ဒယ်လေးကကနေ သရုပ်ဆောင်ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။ Squid Game ဇာတ်လမ်းနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း စုပြုံပြီး ရရှိထားသူလေးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။