ဒိန်းမတ်အိမ်ရှေ့စံမင်းသမီးရဲ့ မွေးနေ့ပွဲအခန်းအနားကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပေမယ့် ဓာတ်ပုံတွေကတော့ မွေးနေ့ပွဲမတိုင်ခင်မှာ ထွက်ရှိလာပြီဖြစ်ပါတယ်။

People.com

နောင်တစ်ချိန်ဘုရင်မဖြစ်လာမယ့် ဒိန်းမတ်အိမ်ရှေ့စံမင်းသမီးဟာ ကျက်သရေရှိလွန်းလှတဲ့အပြာရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ သူမနှင့်အတူ ခင်ပွန်းဖြစ်သူ ဒိန်းမတ်အိမ်ရှေ့စံ မင်းသား ဖရက်ဒရစ်တို့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကလည်း လူကြည့်များ ရေပန်းစားလျက်ရှိပါတယ်။

People.com

မင်းသမီးမယ်ရီရဲ့ တောက်ပနေတဲ့ဝတ်စုံလှလှလေးကို ဒိန်းမတ်လူမျိုး ဒီဇိုင်နာ Lasse Spangenberg က ဖန်တီးပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

People.com

အခုထွက်ရှိလာတဲ့ ဓာတ်ပုံတွေက အိမ်ရှေ့စံမင်းသမီး မယ်ရီရဲ့ အသက် ၅၀ နှစ်ပြည့်မွေးနေ့ပွဲ အခန်းအနားမတိုင်ခင်မှာ နန်းတော်က အကြိုဖြန့်ဝေပေးလိုက်တဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်။ဓာတ်ပုံထဲမှာဆိုရင် အိမ်ရှေ့မင်းသား ဖရက်ဒရစ်က စစ်ဝတ်တန်ဆာဝတ်စုံကို ဝတ်ဆင်ထားပါတယ်။

People.com

အိမ်ရှေ့စံတော်ဝန်မင်းသမီးမယ်ရီကို သြစတေးလျနိုင်ငံ ၊ Tasmania မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒိန်းမတ်အိမ်ရှေ့စံမင်းသား ဖရက်ဒရစ်နဲ့ ၂၀၀၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲကျင်းပရာနေရာမှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

Google

ဒိန်းမတ်အိမ်ရှေ့စံမင်းသားက သြစတေးလျသူလေး မယ်ရီကို မြင်မြင်ချင်း ချစ်ခဲ့တာဖြစ်တယ်လို့သိရပြီး ၃ နှစ်ခန့်ချစ်ကြိုးသွယ်ခဲ့ပြီးနောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

People.com

လက်ရှိမှာတော့ အိမ်ရှေ့မင်းသမီး မယ်ရီဟာ သားသမီး ၄ ယောက်ရဲ့ မိခင် ၊ တော်ဝန်မျိုးနွယ်လေးတွေရဲ့ မယ်တော် တစ်ယောက်ဖြစ်နေပေမယ့်လည်း သူမရဲ့ကျက်သရေရှိမှုနဲ့ လှပမှုတွေကတော့ လျော့ကျမသွားသေးပါဘူး။ အသက် ၅၀ အရွယ် ဒိန်းမတ်အိမ်ရှေ့စံမင်းသမီး မယ်ရီရဲ့ ကျက်သရေရှိတဲ့ အလှအပလေးတွေကို တစ်ပုံချင်း ဝင်ရောက်ကြည့်ရှုသွားကြပါဦးနော် ။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။