သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေတဲ့သူဖြစ်ပါတယ်။ သူမရရှိခဲ့တဲ့ဆုတွေက ၂၀၀၁ ခုနှစ်မှာ အချစ်လေပြေဇာတ်ကားနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၊ ၂၀၀၉ ခုနှစ်မှာဆိုရင် အတိတ်၏အရိပ်ဇာတ်ကားနှင့် Asian Academy Awards ကနေရော Golden Rooster Awards ကနေရော အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ အဲဒါတင်မကသေးပါဘူး။ သူမဟာ၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိလည်း ဆုတွေအများကြီးရရှိခဲ့တဲ့ သူဖြစ်ပါတယ်။

Photo - Credit
Photo - credit

၂၀၂၁ခုနှစ် သူမ အကျဉ်းထောင်ထဲရောက်နေချိန်မှာတောင် What Happened to the Wolf? ဇာတ်ကားနဲ့ Oldenburg International Film Festival ကချီးမြှင့်တဲ့ Seymour Cassel Award For Best Performance ဆုကိုရရှိခဲ့ပါတယ်။

Photo - credit

ပြည်သူ့မင်းသမီး အိန္ဒြာကျော်ဇင်ဟာ ပြည်သူတွေနဲ့အတူရပ်တည်ရင်း ၅၀၅ က ပုဒ်မဖြင့် ဖမ်းဆီးအကျဉ်းကျခံထားရတဲ့သူဖြစ်ပါတယ်။ သူမသာ အပြင်မှာရှိနေခဲ့ရင်လည်း နောက်ထပ် အောင်မြင်မှုတွေ အများကြီး ယူလာနိုင်ခဲ့မှာ အသေအချာပဲဖြစ်ပါတယ်။

Photo - credit

အိန္ဒြာကျော်ဇင်ဟာ ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးနှင့် ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားလေးတစ်ဦး သမီးလေးတစ်ဦး ရရှိပိုင်ဆိုင်ထားပါတယ်။ ပျော်ရွှင်စရာနဲ့အရာရာပြည့်စုံနေတဲ့ မိသားစုလေး ကွဲကွာသွားခဲ့တာ အခုဆိုရင် ၁ နှစ်နီးပါးတောင်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မိသားစုလေး အမြန်ဆုံး ပြန်လည်စုစည်းနိုင်ပြီး အောင်မြင်မှုတွေလည်း ထပ်မံရရှိနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo - credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။