ငြိမ်းချမ်းရေး သီချင်းတွေကို သီကြွေးတတ်တဲ့ တေးသံရှင်စောဖိုးခွားဟာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာကတည်းက အစောဦးဆုံးဖမ်းဆီးခံလိုက်ရတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ စောဖိုးခွားဟာ ကရင်တိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်ပြီး ဝါသနာပါတဲ့အနုပညာတွေကို လုပ်ရင်းနဲ့သာ ကျေနပ်တဲ့သူဖြစ်ပါတယ်။ နာမည်ကြီးမှုကို အဓိကမထားတဲ့သူဖြစ်တာကြောင့် သူ့ကို လူတော်တော်များများ မသိကြပါဘူး။ 

Photo - Credit

စောဖိုးခွားဟာ ရက်ဂေးအဆိုတော်တစ်ဦးအနေနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာချိန်ကတည်းကစလို့ အမှန်တရားအတွက် ၊ စစ်ရှောင်ပြည်သူတွေအတွက် ၊ ငြိမ်းချမ်းရေးအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသီချင်းတွေကိုသာ သီဆိုလေ့ရှိတဲ့ တေးသံရှင် စောဖိုးခွား အဖမ်းခံခဲ့ရတာ ဒီနေ့မှာဆိုရင် တစ်နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။

Photo - Credit

တေးသံရှင်စောဖိုးခွားဟာ မြန်မာနိုင်ငံရဲ့ ရက်ဂေး အဆိုတော်လို့ လူသိများတဲ့သူဖြစ်ပြီ ပုံစံကိုကြည့်လိုက်တာနဲ့ တမူထူးခြားတဲ့သူဆိုတာ တန်းသိစေမယ့် သူဖြစ်ပါတယ်။စောဖိုးခွား ဝတ်လေ့ဝတ်ထရှိတဲ့ ဖက်ရှင်က ရက်ဂေးကိုယ်စားပြု စိမ်း ၊ ဝါ ၊ နီ အရောင်းသုံးရောင်စပ်ဖြစ်ပါတယ်။ အရောင်သုံးရောင်နဲ့ပတ်သတ်ပြီး အဆိုတော် စောဖိုးခွားက အစိမ်းရောင်က ထာဝရရှင်သန်ခြင်း၊ အဝါ ရောင်က ရွှေရောင်အိမ်မက်ကိုပိုင်ဆိုင်ထားခြင်းနှင့် အနီရောင်က လွတ်လပ်သည့်သွေးဖြစ်တယ်လို့ ပြောခဲ့ဖူူးပါတယ်။

Photo - Credit

အဆိုတော်စောဖိုးခွားဟာ၂၀၀၃ခုနှစ်မှာ “မေ့ဖို့ သိပ်ခက်နေလို့” ၂၀၁၂ခုနှစ်မှာ “ဖြေးဖြေး ယောက်ဖ” တေးစီးရီး နှင့်၂၀၁၄ ခုနှစ်မှာ  “ကိုင်းကြီးကြီး သွားနား”၂၀၁၇ ခုနှစ်မှာ “ပလပ်ကျွတ်နေပြီ” စတဲ့ သီချင်းခွေ ငါးခွေကို ထုတ်ခဲ့သလို အခြားပညာပေး သီးချင်းများစွာ ကို သီဆိုခဲ့တဲ့သူဖြစ်ပါတယ်။

Photo - Credit

တေးသံရှင်စောဖိုးခွား ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။