ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒို ဟာ အသက်အရွယ်နဲ့မလိုက်အောင်ကို အောင်မြင်ကျော်ကြားမှုတွေ ချမ်းသာကြွယ်ဝမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒို ဟာ လူတိုင်းအားကျရတဲ့ ပျော်ရွှင်စရာကောင်းတဲ့မိသားစု နှင့် အောင်မြင်ကျော်ကြားမှု အားလုံးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး အဖက်ဖက်က ပြည့်စုံလွန်းနေတဲ့ သူဖြစ်ပါတယ်။

Instagram

ဘဝရဲ့ အခိုက်အတန့်တွေအားလုံးကို မကြာခဏ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီကလည်း မိသားစုနှင့် ဒူဘိုင်းကို ရောက်ရှိခဲ့တဲ့ အမှတ်တရတွေကို ဝေမျှပေးထားပါတယ်။ ဒီတစ်ခေါက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဒူဘိုင်းခရီးစဉ်မှာဆိုရင် ဒူဘိုင်းအိမ်ရှေ့စံ Sheikh Hamdan bin Mohammed bin Rashid Al Maktoum နဲ့ တွေ့စုံတာပါ ပါဝင်နေပါတယ်။

Instagram

နာမည်ကြားလိုက်တာနဲ့ လူတိုင်း ရှိန်သွားစေမယ့် ဒူဘိုင်းအိမ်ရှေ့စံမင်းသားကို ခရစ္စတီယာနိုရော်နယ်ဒို သုံးနှုန်းထားတဲ့ စကားလုံးကြောင့်လည်း လူတွေရဲ့ အာရုံစိုက်မှုကို ပိုပြီးရရှိနေပါတယ်။ ခရစ္စတီရာနိုရော်နယ်ဒိုဟာဆိုရင် ဒူဘိုင်းအိမ်ရှေ့စံမင်းသားနဲ့တွေ့ဆုံခဲ့တဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှထားပြီး ပေါ့ပေါ့ပါးပါး အသုံးအနှုန်း ဖြစ်တဲ့ “bro” ဆိုတဲ့ အသုံးအနှုန်းကို သုံးထားပါတယ်။ ခရစ္စစီယာနိုရော်နယ်ဒိုတင်ထားတဲ့ စာသားလေးကတော့ “Always good to see you bro ??” ပဲဖြစ်ပါတယ်။

Photo - Credit 
Instagram

ဒါကြောင့် အင်တာနက်သုံးစွဲသူတွေကြားမှာ ရော်နယ်ဒိုရဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အကြောင်းအရာက ပိုပြီးရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ ဒူဘိုင်းအိမ်ရှေ့စံကိုတောင် “bro” လို့ တပ်ခေါ်ရနိုင်လောက်တဲ့အထိ ခရစ္စတီယာနိုရော်နယ်ဒိုလိုမျိုး ကြိုးစားပစ်လိုက်ပါဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ လူပြောများနေခဲ့တာပဲဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။