Tencent ကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်တဲ့ Level Infinite၊Noah's Heart ဂိမ်းကိုထုတ်လုပ်တဲ့ Archosaur Games၊Disney နဲ့ Lightstorm Entertainment တို့ဟာ ဂိမ်းအသစ်တစ်ခုကိုပူးပေါင်းထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။မိုဘိုင်းဖုန်းအတွက်ဖြစ်ပြီး Multiplayer Online Role-playing Game(MMORPG) အမျိုးအစားဖြစ်မယ်လို့သိရပါတယ်။ဂိမ်းရဲ့နာမည်ကတော့ Avatar:Reckoning ပါ။

Credit

Archosaur ကဂိမ်းတိုးတက်မှုပိုင်းကို ကိုင်တွယ်မှာဖြစ်ပြီး Level Infinite ကဂိမ်းကိုဖြန့်ချီမှာဖြစ်ပါတယ်။ဂိမ်းရဲ့တည်နေရာကတော့ Avatar ဇာတ်ကားထဲမှာပါတဲ့ ပန်ဒိုရာကမ္ဘာပေါ်အခြေခံထားမှာပါ။ပါဝင်မဲ့ Mode တွေက PvP mode အပြင် ကစားသမားတွေ ပန်ဒိုရာကမ္ဘာကြီးထဲမှာ လှည့်လည်သွားလာနိုင်မဲ့ ကမ်ပိန်းတွေပါ ပါဝင်မယ်လို့သိရပါတယ်။

Credit

ဒီဂိမ်းကို ၂၀၂၂ ခုနှစ်ထဲမှာပဲ တရားဝင်ထုတ်ပေးသွားမယ်လို့လည်းသိရပါတယ်။Avatar ရုပ်ရှင်အသစ်တစ်ကားလည်း ၂၀၂၂ ဒီဇင်ဘာလမှာ ထွက်ဦးမှာပါ။ဂိမ်းမထွက်သေးခင် အစမ်းကစားကြည့်နိုင်မဲ့ Beta Test ကိုတော့သိပ်မကြာခင်မှာထုတ်ပေးမှာဖြစ်ပြီး Android ရော၊iOS ရောစမ်းဆော့နိုင်မှာပါ။

Credit

ဒါပေမဲ့ Beta မှာဆော့ထားတဲ့ ဒေတာတွေကို ဂိမ်းတရားဝင်ထွက်လာရင် ဆက်ဆော့နိုင်မှာမဟုတ်ပဲ အစကပြန်ဆော့ရမှာပါ။Beta ဆော့ထားသူတိုင်းလည်း ဂိမ်းတကယ်ထွက်လာရင် အလိုအလျှောက်ကစားနိုင်မှာမဟုတ်ပါဘူး။ဆော့ပြထားတဲ့ ဗွီဒီယိုတွေဘာတွေမရှိသေးပေမဲ့ ဂိမ်းရဲ့အယူအဆကိုကတော်တော်မိုက်ပါတယ်။နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့အပြင် နာမည်ကြီးအဖွဲ့အစည်းတွေကလုပ်ကိုင်နေတဲ့ ပရောဂျက်ဖြစ်တာကြောင့် ဘယ်လိုပုံစံနဲ့ထွက်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။