အားလုံးပဲတောင်ကိုရီးယားအနုပညာရှင်စုံတွဲ Park Shin Hye နှင့် Choi Tae Joon တို့ လက်ထပ်ခဲ့ကြတာကို သိပြီးကြမှာပါနော်။ Park Shin Hye နှင့် Choi Tae Joon တို့ဟာ ၄ နှစ်ကြာတွဲခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ Park Shin Hye နှင့် Choi Tae Joon တို့လိုမျိုး အနုပညာရှင်အချင်းချင်း အချိန်ကြာတွဲခဲ့ကြတဲ့ အခြား စုံတွဲတွေလည်း ရှိပါသေးတယ်။ သူတို့ကိုလည်း ပရိသတ်တွေတော်တော်များများက ဘယ်တော့လက်ထပ်ကြမှာလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။ သူတို့အတွဲလေးတွေက ဘယ်သူတွေလဲဆိုတာ ဆက်ပြီးကြည့်လိုက်ကြရအောင်နော် ..

Park Se Young နှင့် Kwak Jung Wook

allkpop

Park Se Young နှင့် Kwak Jung Wook တို့အတွဲလေးကတော့ တွဲပြီး ၉ နှစ်အကြာမှာ လက်ထပ်ဖို့အတွက် ကြေညာထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးလက်ထပ်မယ့်အချိန်ကတော့ အခုနှစ် ဖေဖော်ဝါရီလလို့ သိရပါတယ်။ Park Se Young နှင့် Kwak Jung Wook တို့ဟာ ၂၀၁၃ ခုနှစ်မှာ တွဲနေကြပြီဖြစ်ကြောင်းကြေညာခဲ့ပြီး ၉ နှစ်အကြာမှာ လက်ထပ်ဖို့ကြေညာလိုက်တာဖြစ်ပါတယ်။

Shin Min Ah နှင့် Kim Woo Bin

Google

Shin Min Ah နှင့် Kim Woo Bin တို့ဟာ ကြော်ငြာတစ်ခုရိုက်ကူးပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ သူတို့အတွဲလေးကတော့ တွဲနေကြောင်း ကြေညာပြီးပြီးချင်းမှာပဲ ၇ နှစ်တိုင်အောင် တွဲလက်တွေ ခိုင်မြဲခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ Shin Min Ah ဟာ Kim Woo Bin ကင်ဆာရောဂါနဲ့ ဆေးရုံတတ်နေတဲ့အချိန်မှာလည်း အနားမှာ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ သူတို့နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်ကတော့ ပြောစရာမလိုအောင်ကို ခိုင်မြဲပြီးသားပဲဖြစ်ပါတယ်။

Se7en နှင့် Lee Da Hae

Google

Se7en နှင့် Lee Da Hae တို့စုံတွဲလေးကတော့ ၂၀၁၆ ခုနှစ်မှာ တွဲနေပြီဖြစ်ကြောင်း ဝန်ခံခဲ့ကြတာပဲဖြစ်ပါတယ်။ တွဲနေကြောင်း တရားဝင် မကြေညာခင် တစ်နှစ်လောက်ကတည်းက သူတို့နှစ်ဦးက တွဲနေကြတာပါ။ သူတို့နှစ်ဦးက အရမ်းချစ်ကြတဲ့သူတွေဖြစ်သလို ပွင့်ပွင့်လင်းလင်းရှိကြတဲ့သူတွေဖြစ်ပါတယ်။ လူမြင်ကွင်းတွေမှာလည်း မကြာခဏဆိုသလို သူတို့နှစ်ဦးရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။

Google

Ma Dong Suk နှင့် Ye Jung Hwa

allkpop

Ma Dong Suk နှင့် Ye Jung Hwa တို့စုံတွဲလေးကတော့ ၂၀၁၆ ခုနှစ်ကတည်းက တွဲနေကြတဲ့စုံတွဲလေးဖြစ်ပါတယ်။ Ma Dong Suk ကတော့ မကြာခဏဆိုသလို သူ့ကောင်မလေးရဲ့ ချစ်ဖို့ကောင်းတဲ့ အကြောင်းတွေကို ဝေမျှပေးလေ့ရှိပြီး လက်ထပ်မယ့် အစီအစဉ်တွေကိုလည်း ချပြလေ့ရှိပါတယ်

Nam Goong Min နှင့် Jin Ah Reum

allkpop

Nam Goong Min နှင့် Jin Ah Reum တို့နှစ်ယောက်ကတော့ ၂၀၁၅ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဇာတ်လမ်းတွဲရိုက်ရင်းတွေ့ခဲ့ကြတာဖြစ်ပြီး တဖြေးဖြေး သံယောဇဉ်တွေ ခိုင်မြဲလာခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်အထိလည်း Nam Goong Min တစ်ယောက် သူ့ကောင်မလေးကို ချစ်ကြောင်း အင်တာဗျူးတွေမှာ မကြာခဏ ဖွင့်ဟလေ့ရှိပါတယ်။

Google

Jung Kyung Ho နှင့် Sooyoung

allkpop

Jung Kyung Ho နှင့် Sooyoung တို့စုံတွဲလေးကတော့ ဖျော်ဖြေရေးနယ်ပယ်မှာ တော်တော်လေးကို နာမည်ကြီးပါတယ်။ သူတို့နှစ်ဦးက ၂၀၁၂ ခုနှစ်ကနေ စတင်တွဲခဲ့ကြတာဖြစ်လို့ အခုအချိန်မှာတော့ ချစ်သူသက်တမ်း ၁၀ နှစ်ကြာနေပါပြီ။ သူတို့နှစ်ဦးဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။

Google

Lee Joon Yeol နှင့် Hyeri

Google

Lee Joon Yeol နှင့် Hyeri တို့စုံတွဲလေးကလည်း ၂၀၁၅ ခုနှစ်ကတည်းက တွဲခဲ့ကြတဲ့စုံတွဲလေးဖြစ်ပါတယ်။ “Reply 1988” ဇာတ်လမ်းမှာ ပရိသတ်တွေရဲ့ အားပေးမှု အများကြီးရရှိပြီးတဲ့နောက်မှာ Lee Dong Hwi က Jung Ho Yeon နဲ့ သူ တွဲနေပြီဖြစ်ကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလေးကလည်း အရမ်းချစ်ကြတဲ့ စုံတွဲလေးဆိုတာ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေက ဖော်ပြနေပါတယ်။

Google

Lee Kwang Soo နှင့် Lee Sun Bin

allkpop

Lee Kwang Soo နှင့် Lee Sun Bin တို့ကလည်း ၂၀၁၈ ခုနှစ်မှာ တွေ့စုံခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက Running Man အစီအစဉ်ရိုက်ကူးရင်း တွေ့စုံခဲ့ကြတာဖြစ်ပြီး Lee Sun Bin က သူမရဲ့ အကြိုက်ပုံစံက Lee Kwang Soo ဖြစ်ကြောင်းကို အရင်ဆုံး ဝန်ခံလာတာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ သံယောဇဉ်တွေက တဖြည်းဖြည်းအမြစ်တွယ်လာခဲ့ပြီး သူတို့ရဲ့ အချစ်တွေက ဒီနေ့အတွက် ဆက်လက်ပြီး ခိုင်မြဲနေခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။