တောင်ကိုရီးယား ရုပ်ရှင်ဇာတ်လမ်းတွဲ နယ်ပယ်မှာဆိုရင် အသက်အရွယ်အပိုင်းအခြားအလိုက် လှပလာတဲ့ သရုပ်ဆောင်တွေအများကြီးရှိပါတယ်။ သူတို့လေးတွေကတော့ အခြားမဟုတ်ပါဘူး။ ကလေးသရုပ်ဆောင်လေးတွေပါ။ ကလေးသရုပ်ဆောင်လေးတွေဆိုရင် အသက်ကြီးလာရင်နာမည်မကြီးနိုင်ကြတော့ဘူးလို့သုံးသပ်ထားပေမယ့်သူတို့လေးတွေကတော့ ငယ်ငယ်လေးကတည်းက တဖြောင့်တည်းတတ်လာကြတဲ့သူလေးတွေပါ။ ငယ်ငယ်တုန်းက မှတ်မိနေမယ့်သူလေးတွေ ပါမပါ ဆက်လက်ပြီး ကြည့်သွားကြရအောင်နော်။

Kim Yoo Jung

Allkpop

Kim Yoo Jung လေးဟာဆိုရင် မသိတဲ့သူမရှိလောက်အောင်ကို ကလေးသရုပ်ဆောင်တုန်းက ကားတိုင်းလိုလိုမှာပါခဲ့တဲ့သူလေးပါ။ ဇာတ်ကားတိုင်းလိုလိုမှာ ကလေးသရုပ်ဆောင်လေးအဖြစ် ပါခဲ့တဲ့ Kim Yoo Jung ဟာ အသက်ကြီးလာတော့လည်း လူကြီးသရုပ်ဆောင်တွေနေရာမှာ ဝင်ပြီးသရုပ်ဆောင်လျက်ရှိပါတယ်။ Kim Yoo Jung လေးရဲ့ ကလေးသရုပ်ဆောင်ဇာတ်ရုပ် လွှမ်းမိုးမှုက အင်အားကြီးလွန်းလို့ သူမလူကြီးသရုပ်ဆောင်လေးအဖြစ်သရုပ်ဆောင်တုန်းတဲ့ဇာတ်ကားတွေမှာဆို တချို့က ကလေးလေးလို့ပဲမြင်နေတာကြောင့် ဆက်မကြည့်နိုင်ဘူးလို့တောင် သိရပါတယ်။

Lee Se Young

Allkpop

Lee Se Young ဟာဆိုရင်လည်း နန်းတွင်းဇာတ်ကားတွေထဲမှာ အံဝင်ခွင်ကျသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ သူမကလည်း ကလေးဘဝကတည်းက ပရိသတ်တွေနဲ့ အကျွမ်းတဝင်ရှိပြီးသား ကလေးသရုပ်ဆောင်လေးဖြစ်ပါတယ်။ Lee Se Young ဟာ လူကြီးသရုပ်ဆောင်လေးအဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ တချို့ကဆို Lee Se Young တစ်ယောက်လူကြီးသရုပ်ဆောင်ဇာတ်ရုပ်နဲ့ ပိုပြီးလိုက်ဖက်တယ်လို့တောင် ပြောကြပါတယ်။ Lee Se Young လူကြီးသရုပ်ဆောင်လေးအဖြစ် နာမည်စကြီးလာတဲ့ ဇာတ်ကားက “The Red Sleeve” ပဲဖြစ်ပါတယ်။

Kim So Hyun

Allkpop

Kim So Hyun ကလည်း အခုနောက်ပိုင်းမှာ လူကြီးသရုပ်ဆောင်လေးအဖြစ် နာမည်ရလာတဲ့ ကောင်မလေးဖြစ်ပါတယ်။ မျက်လုံးနက်နက်လေး နဲ့ ဆံပင်ရှည်ရှည်လေးကိုပိုင်ဆိုင်ထားတဲ့ Kim So Hyun ဟာ ကလေးသရုပ်ဆောင်လေးကနေ တန်တန်းမတ်မတ် အောင်မြင်လာသူလေးဖြစ်ပါတယ်။ Kim So Hyun လေး ကလေးသရုပ်ဆောင်လေးအဖြစ် စပြီးနာမည်ကြီးလာတဲ့ ဇာတ်ကားလေးက “River Where the Moon Rises” ပဲဖြစ်ပါတယ်။

Park Eun Bin

Allkpop

Park Eun Bin လေးကတော့ လုံးဝကို အတိုင်းအဆမဲ့ကောင်မလေးပါ။ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပြီး ကလေးသရုပ်ဆောင်တုန်းက ကလေးသရုပ်ဆောင် အလျောက်နာမည်ကြီးခဲ့သလို လူကြီးသရုပ်ဆောင်တုန်းကလည်း တစ်ချိန်က ကလေးသရုပ်ဆောင်ဖြစ်ခဲ့တယ်ဆိုတာကိုတောင် မေ့သွားစေနိုင်တဲ့ကောင်မလေးပါ။ သူမနောက်ဆုံး ရိုက်ကူးထားတဲ့ ဒရမ်မာလေးက “The King’s Affection” ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု အများကြီးရရှိခဲ့တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

Kim Sae Ron

Allkpop

Kim Sae Ron လေးကတော့ ကလေးသရုပ်ဆောင်လေးအဖြစ်ကနေ လူကြီးသရုပ်ဆောင်ကို လျင်လျင်မြန်မြန်ပြောင်းလဲလာခဲ့တဲ့ ကောင်မလေးဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် Cannes Film festivals ရဲ့ ကောဇောနီကြီးပေါ်မှာ နှစ်ခါတိတိလမ်းလျှောက်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် သူမကို acting genius လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

အားလုံးပဲအခုဖော်ပြပေးသွားတဲ့ မင်းသမီးချောချောလေးတွေကို ကောင်းကောင်းကြီး သိကြမယ်လို့ ထင်ပါတယ်။ ကလေးလေးတွေအဖြစ်ကနေ အရမ်းကိုချောလာတဲ့ကောင်မလေးတွေကို အားလုံးပဲသဘောကျကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။