ကလေးသရုပ်ဆောင်လေးအဖြစ်နဲ့ ပရိသတ်တွေရဲ့ နှလုံးသားမှာ နေရာဝင်ယူထားတဲ့ တောင်ကိုရီးယားသရုပ်ဆောင်လေး Nam Da Reum ဟာဆိုရင် မကြာသေးမီမှာ စစ်မှုထမ်းဆောင်ဖို့အတွက် စာရင်းပါလာပြီပဲဖြစ်ပါတယ်။ ဒါကြောင့် Nam Da Reum တစ်ယောက် သူ့ရဲ့ ပရိသတ်တွေဆီကိုနှုတ်ဆက်စာလေးတစ်စောင် အခုလိုရေးထားခဲ့တာဖြစ်ပါတယ်။

Google

Nam Da Reum ဟာဆိုရင် လက်ရှိမှာ အသက် ၂၁ နှစ်ပဲရှိသေးတာကြောင့်စစ်မှုထမ်းဆောင်ဖို့ မလိုအပ်သေးပေမယ့် Nam Da Reum က သူ့ရဲ့ ရည်မှန်းချက်က စစ်မှုစောစောထမ်းချင်တာဖြစ်ကြောင်းကို စာထဲမှာ ရေးသားဖော်ပြပေးထားပါတယ်။

Nam Da Reum ရဲ့ စာအပြည့်လေးကိုအောက်မှာ ဘာသာပြန်ထားပေးပါတယ်နော်။

"ဟယ်လို ကျွန်တော်က Nam Da Reum ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့အားလပ်ရက်မှာ ပျော်ကြရဲ့လား ?

Unique လေးတို့ .. အားလုံးပဲ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးအချိန်ကာလနေစတင်ပြီး ကောင်းမွန်တဲ့အနာဂတ်တွေ ကျန်မာရေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်ဒီစာကိုရေးရတဲ့အကြောင်းက ကျွန်တော် Uniques တို့ကို ကိုယ်တိုင်ပြောချင်တဲ့ အကြောင်းအရာလေးရှိလို့ပါ။ နောက်တစ်ပတ်အတွင်း ဖေဖော်ဝါရီ ၂၀၂၂ ခုနှစ်မှာ ကျွန်တော် စစ်မှုထမ်းဆောင်ရပါတော့မယ်။ စစ်မှုထမ်းဆောင်ဖို့ စာရင်းမပါလာခင်ကတည်းက ကျွန်တော် Uniques တို့အပေါ်ကို တာဝန်မကျေသလို ခံစားနေရလို့ တောင်းပန်ဖို့ စီစဉ်နေတာပါ။ အခုသတင်းကိုတော့ Uniques တို့ကိုသိစေချင်လို့ ဘယ်သူမှမပြောရသေးခင် အရင်လာပြောတာပါ။

Google

ကျွန်တော် ငယ်ငယ်လေးကတည်းက စစ်မှုထမ်းဆောင်တာကို စောစောလုပ်ချင်တာက ကျွန်တော့် ရည်မှန်းချက်ပါ။ ကျွန်တော် အသက် ၂၀ အရွယ်မှာ မလုပ်နိုင်ခဲ့ပေမယ့် ၂၁ နှစ်မှာတော့ ရအောင် စစ်မှုထမ်းမယ်လို့ မှန်းထားတာပါ။ ကျွန်တော်က အားလုံးကို ကျွန်တော်ရဲ့ သန်မာမှုတွေကို ပြချင်တာပါ။  ကျန်းမာရေး ဂရုစိုက်ပေးပါနော်။ ကျွန်တော်ပိုပြီး ရင့်ကျက်လာတဲ့သူအဖြစ် ပြန်လာခဲ့ပါမယ်။ ကျေးဇူးပါခင်ဗျာ .."

Google
Google

ပရိသတ်တွေကို အမြဲဦးစားပေးတတ်တဲ့ Nam Da Reum လေး .. အကောင်းဆုံးတွေနဲ့ ကြုံတွေ့ရဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ကံကောင်းပါစေ ကောင်လေးရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။