ဦးကျော်သက်လင်းဟာဆိုရင် မြန်မာရုပ်မြင်သံကြားကနေ ဦးစီးအရာရှိရာထူးဖြင့် ပထမဦးဆုံး CDM လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။အဲဒါတင်မကသေးပါဘူး။ ဦးကျော်သက်လင်းဟာ ရှိသမျှပိုင်ဆိုင်မှုတွေအားလုံးကို စွန့်လွှတ်ပြီး တောထဲတောင်ထဲကနေ ပြည်သူတွေဘက် ရပ်တည်ကာ တိုက်ပွဲဝင်ပေးနေတဲ့သူဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ မကြာခဏဆိုသလို သူရွေးချယ်ခဲ့တဲ့ လမ်းနဲ့ပတ်သတ်ပြီး အတွေ့အကြုံလေးတွေကို ဝေမျှပေးနေကြဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဦးကျော်သက်လင်းတစ်ယောက် သူကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို အခုလိုလေး ဝေမျှပေးလာခဲ့ပါတယ်။

U Kyaw Thet Lin's Facebook
U Kyaw Thet Lin's Facebook

“မညည်းပါဘူး

ကိုယ့်တစ်ယောက်ထဲအတွက်

လျှောက်တဲ့လမ်းမှမဟုတ်တာ...

မလှပါဘူး

ရုပ်ရော ဘဝရော

ကြမ်းကြမ်းတမ်းတမ်းကြီးက

ကိုယ့်အခွက်ကိုယ်သ ကိုယ့်ဘဝကိုယ်

ကြွနေအောင်လုပ်ဖို့အချိန်မှမဟုတ်တာ...

ဘဝဟာတန်ရာတန်ရာပဲဆိုပေမယ့်

မတန်တရာဖြစ်နေတာငါ့ဦးထုပ်တစ်လုံး

နေလုံရင်ရပြီပဲ...

U Kyaw Thet Lin's Facebook

တောထဲမှာအိပ် တောင်ခြေမှာနား

မြစ်ချောင်းကိုဖြတ် ငါတို့တွေမရပ်မနား

ငါမောရင်းရယ်

ငါရယ်ရင်းမော

ခရီးများအဆုံးထိ။

KTL:29.1.2022 /12:21pm”

U Kyaw Thet Lin's Facebook

ဆောင်းတွင်းလည်း ကုန်တော့မှာဖြစ်တာကြောင့် ရာသီဥတုဟာလည်း ပိုပိုပြီးပူလာပါပြီ ။ နေပူပူမှာ ထီးမပါ ၊ ဦးထုပ်တစ်လုံးတည်းဖြင့် ကြိုးစားရုန်းကန်နေရတဲ့ ဦးကျော်သက်လင်းဟာ ရှိသမျှ ပိုင်ဆိုင်မှုတွေအားလုံးကိုစွန့်လွှတ်ကာ အမှန်တရားအတွက် တောခိုခဲ့တဲ့သူဖြစ်ပါတယ်။ ဦးကျော်သက်လင်းတစ်ယောက် အမြန်ဆုံး ရည်မှန်းချက်ပိုင်တိုင်ဆီကို ရောက်ရှိပြီး ဘေးကင်းကျန်းမာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။