မေဦးနှင့်ဟန်လင်းတို့ဟာ နွေဦးတော်လှန်ရေးမှာ အားတတ်သရောပါဝင်ခဲ့ကြရင်း တောခိုကာ အမေရိကန်နိုင်ငံကို ရောက်ရှိသွားကြတဲ့ LGBT စုံတွဲလေးဖြစ်ပါတယ်။လက်ရှိမှာလည်း သူတို့နှစ်ဦးဟာတိုင်းပြည်အတွက် တစ်တပ်တစ်အားအနေဖြင့် အမေရိကားကနေ တတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားပေးနေကြတုန်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေဦးနှင့်ဟန်လင်းတို့စုံတွဲလေးဟာ ဝါရှင်တန်ဒီစီမှာ နွေဦးတော်လှန်ရေးကို ကူညီပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုနဲ့တွေ့ဆုံဖြစ်ခဲ့ကြပြီး အပြန်မှာ ရှပ်ရှင်၊ပန်းချီ ၊စာပေဂီတပညာရှင်ကြီးဘဘဦးဝင်းဖေနဲ့ သွားတွေ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သွားရောက်တွေ့ဆုံရင်းနဲ့ ဘဘဦးဝင်းတင်ရဲ့ ပန်းချီကားလေးတစ်ချပ် အကြောင်းကို အခုလိုလေး ဝေမျှပေးလာခဲ့ပါတယ်။

May Oo's Facebook

“ဒီနေ့ DC မှာနွေဦးတော်လှန်ရေးကိုကူညီပေးနေတဲ့ လူငယ်အဖွဲ့အစည်းတစ်ခုနဲ့သွားတွေပြီး အပြန်မှာ

ဘဘဦးဝင်းဖေ နဲ့သွားတွေ့ဖြစ်ခဲ့ကြတယ်။

ဘဘနဲ့နိုင်ငံ့အရေးအကောင်းတခွန်းမှမပြောဖြစ်ခဲ့ကြပဲ ဘဘရဲ့ဘဝအကြောင်းတစ်ချို့နဲ့ ဟန်လင်း ဘဘကြီး ဦးခင်မောင်ရင်သူ့ငယ်ချင်း အကြောင်းတွေသာပြောဖြစ်ခဲ့ရင်း …

ဘဘဦးဝင်းဖေရဲ့ အနုပညာကိုလေးစားအားကျ ငေးမောကာ အိမ်ပြန်ဖို့နှုတ်ဆက်ကြတဲ့အခါမှ

ဘဘရဲ့ ပန်းချီကားလေးတွေကြည့်ပါရစေလို့ခွင်းတောင်းတော့

မေဦးနဲ့ဟန်လင်းရေ အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်ပြီးဆွဲထားတဲ့ပန်းချီကားလေးပဲကြည့်သွားပါဆိုပြီး

ပန်ချီကားလေးတစ်ချပ်ပြလိုက်တယ်

May Oo's Facebook

အဲ့ဒီ့ပန်းချီကားလေးရဲ့ အပေါ်ထောင့်နားလေးမှာ ပန်းချီကားရဲ့အဓိပ္ပာယ်ကိုမြန်မာလိုရေးထားပါတယ်

“ခြင်္သေ့ ဒါပေမယ့် “ တဲ့

အနုပညာရှင်ကြီးရဲ့ ပန်းချီကားအပေါ်ထောင့်လေးနားက စကားလုံး ငါးခုကိုဖတ် အဓိပ္ပာယ်ရှိလွန်းလှတဲ့ ပန်ချီကိုကြည့်ပြီး မေဦးနဲ့ဟန်လင်း ပြုံးပြီးအိမ်ပြန်ခဲ့ကြတယ်”

May Oo's Facebook

ပန်းချီကားလေးရဲ့ပုံစံကဒီတိုင်းကြည့်လိုက်ရင်ဘာမှမဟုတ်သလိုနဲ့ တကယ်တော့ အဓိပ္ပါယ်တွေ အများကြီး ပြည့်ဝနေတာပါ။ အားလုံးလည်း ဒီပန်းချီကားလေးရဲ့ အဓိပ္ပါယ်ကို လက်ရှိဖြစ်ပေါ်နေတဲ့ ပုံရိပ်တွေနဲ့ ဆက်စပ်းပြီးတော့ ခံစားနားလည်ကြလိမ့်မယ်ဆိုတာ သေချာပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။