တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Baek Sung Hyun နှင့် သမီးဖြစ်သူတို့ “The Return of Superman” အစီအစဉ်မှာ ပါဝင်လာမယ်ဆိုတဲ့အကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ production ဘက်က ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။ Baek Sung Hyun ရဲ့ သမီးလေးဟာ အသက် ၁၄ လအရွယ် ရှိပြီဖြစ်ပြီး သူတို့သားအဖ နှစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုလေးကို ဖေဖော်ဝါရီလမှာ ပထမဦးဆုံး ထုတ်လွှင့်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Soompi

Baek Sung Hyun ဟာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ ၁၉၉၄ ခုနှစ်တုန်းက  “I Wish For What Is Forbidden To Me” ဆိုတဲ့ ဇာတ်လမ်းမှာ ပထမဦးဆုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း လူကြီးသရုပ်ဆောင်အဖြစ်နဲ့ “Melody of Love” ၊ “Iris 2”  နှင့် “Doctors” ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ “Voice 4” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

Google
Google

သရုပ်ဆောင် Baek Sung Hyun ဟာ ၂၀၂၀ ခုနှစ်မှာ ၄ နှစ်တာတွဲခဲ့တဲ့ နာမည်ကြီးမဟုတ်တဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေမှာ Seo Yoon လို့ခေါ်တဲ့ သမီးဦးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google

 “The Return of Superman” အဖွဲ့ကလည်း Baek Sung Hyun ရဲ့သမီး  Seo Yoon လေးက အရမ်းကိုဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးဖြစ်တယ်လို့ ဆိုပါတယ်။ Baek Sung Hyun ကလည်း သူ့ရဲ့သမီးလေးကို အစစအရာရာ ဂရုစိုက်ပေးပြီး ဖခင်တာဝန်အပြည့်နဲ့စောင့်ရှောက်ပေးနေတာကြောင့် သူတို့သားအဖ နှစ်ယောက်ရဲ့ လှုပ်ရှားမှုလေးတွေက သေချာပေါက် ကြည့်လို့ကောင်းနေမှာပါ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။