တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုဟာဆိုရင် အသက် ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ တစ်ယောက်တည်းရှိနေတဲ့သူဖြစ်ပါတယ်။ ချောမောလှပတဲ့ ရုပ်ရည်နဲ့လီမင်ဟိုဟာ အခုချက်ချင်းကောက်တွဲရင် ကောင်မလေးတစ်ယောက် ရနိုင်ပေမယ့် Single ဘဝနဲ့ပျော်နေတာဖြစ်တာကြောင့် ဘယ်သူ့ကိုမှမတွဲရသေးတာဖြစ်ကြောင်းလည်း သိရပါတယ်။

Google

မကြာသေးမီက The Heirs ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင် မင်းသမီးဖြစ်တဲ့ ပတ်ရှင်ဟေး တစ်ယောက် မင်္ဂလာဆောင်သွားတဲ့ သတင်းကြောင့်လည်း လီမင်ဟိုရဲ့ Single Life ဘဝကိုပိုပိုပြီး လူစိတ်ဝင်စားမှုများနေကြပါတယ်။

Google

The Heirs ဇာတ်လမ်းထဲမှာဆိုရင် လီမင်ဟို ၊ ပတ်ရှင်ဟေးနှင့် ကင်ဝူဘင်တို့က အချိတ်အဆက်မိမိတွဲပြီး သရုပ်ဆောင်ခဲ့ကြတာပါ။

Google

လက်ရှိမှာတော့ ပတ်ရှင်ဟေး နှင့် ကင်ဝူဘင် နှစ်ယောက်စလုံး က အတွဲကိုယ်စီနဲ့ဖြစ်နေကြပေမယ့် အဓိကဇာတ်ဆောင်မင်းသား လီမင်ဟိုကတော့ တစ်ယောက်တည်း ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုကို ပရိသတ်တွေက ဝိုင်းပြီး အရွှန်းဖောက်ကာ နောက်နေကြတာဖြစ်ပါတယ်။ အိုပါး လီမင်ဟိုတို့ကတော့ တကယ်ကို ချစ်စရာကြီးပဲနော် ..

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။